ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့ များစေလွှတ်ရန်အတွက် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေ

News Image

  • ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့ များစေလွှတ်ရန်အတွက် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေ

ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့များစေလွှတ်ရန် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပြင်သစ်သတင်းစာ Le Mondeကဖော်ပြခဲ့ပါသည်။

အဆိုပါ ဆွေးနွေးမှုများသည် ထရန့်၏ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် ဆွေးနွေးပွဲများ အရှိန်ရလာပြီး၊ အနောက်နိုင်ငံမှ စစ်သားများအား ယူကရိန်းနိုင်ငံအတွင်း သို့စေလွှတ်ခြင်းနှင့်ပတ်သက်၍ အခြေအတင်ဆွေးနွေးမှု များပြန်လည်အသက်ဝင်လာပြီး ပုဂ္ဂလိကကာကွယ်ရေး ကန်ထရိုက်တာများ သို့မဟုတ် ပုံမှန်စစ်တပ်တပ်ဖွဲ့များအသွင်ဖြင့် ယူကရိန်းနိုင်ငံတွင်းသို့ စေလွှတ်လာနိုင်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ Le Monde က အစီရင်ခံ ဖော်ပြခဲ့ပါသည်။

ကိုးကား - ပြင်သစ်သတင်းစာ  Le Monde