သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား သီးခြားစီတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၄

(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းနင်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်အား ဒေသစံတော်ချိန် ယနေ့ညနေ ၃ နာရီတွင်လည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂၀ တွင်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။

ထောက်ခံအားပေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဖြစ်ပေါ် တိုးတက်မှုများနှင့် နယ်စပ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေး၍ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စကို ရှင်းလင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ထောက်ခံအားပေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။

MOI

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ပြန်လည်သင့်မြတ်စေရေး တရုတ်နိုင်ငံက ကူညီပေးရန် အသင့်ရှိဟုဆို

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ပြန်လည်သင့်မြတ်စေရေးအတွက် လိုအပ်သည်များကိုကူညီပေးရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဩဂုတ်လ ၁၄ ရက် တွင်ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နှစ်နိုင်ငံကြားနယ်စပ်ပြဿနာ ပြေလည်စေရေးအတွက် ဖြေရှင်းရာတွင် အကူအညီတောင်းဆိုလာပါက ကူညီရန် အသင့်ရှိကြောင်း၊ ဆွေးနွေးပွဲဖြစ်မြောက်ရေးကိုလည်း ကူညီပေးမည်ဖြစ်ကြောင်း၊ ထိုနှစ်နိုင်ငံအနေဖြင့် ယုံကြည်မှုပြန်လည် တည်ဆောက်ပြီး ချစ်ကြည်မှုပြန်လည်ရရှိရေးကြိုးပမ်းမည်ဟု   မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ပြောလာခြင်း ဖြစ်ကြောင်း သိရသည်။   

Ref: RTA

MWD

ကင်ဂျုံအန်းနှင့် ပူတင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ကရင်မလင် ထုတ်ပြန်

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က သြဂုတ် ၁၂ ရက်တွင် မြောက် ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များ အကြား လာမည့်တွေ့ဆုံမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကို အသိပေးခဲ့ကြောင်း ကရင်မလင်နန်းတော်၏ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်ကို နှစ်ဖက်စလုံးက ထပ်မံအတည်ပြုခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

ကိုးကား- Xinhua

ထရမ့်ကပူတင်နှင့်တွေ့ဆုံမည့်အစည်းအဝေးအား ဝေဖန်မှုများကို ပယ်ချ

သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လာမည့် တွေ့ဆုံမှုအပေါ် မီဒီယာများ၏ သတင်းဖော်ပြမှုများကို ဝေဖန်လိုက်သည်။

ထရမ့်သည် အချို့သော ဆန်းစစ်သူများ၏ စိုးရိမ်မှုများကို တုံ့ပြန်ကာ ၎င်းနှင့် ပူတင်တို့၏ ထိပ်သီးအစည်းအဝေးသည် ရုရှားအတွက် အကျိုးရှိ စေနိုင်သည်ဟုဆိုသည့် ဝေဖန်မှုများကို ပယ်ချခဲ့သည်။ ၎င်းက "အဆင့် အတန်းမရှိသည့် မီဒီယာများက မိမိ၏ အလုပ်ထုတ်ခံရပြီးသား လူညံ့ များ၏ စကားကိုပဲ ကိုးကားနေကြပါသည်" ဟု Truth Social တွင် ရေးသားခဲ့သည်။ ထိုသို့ဖော်ပြရာတွင် ၎င်း၏ ယခင်အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်ကို ရည်ညွှန်းခြင်းဖြစ်သည်။

အမေရိကန်သမ္မတနှင့် ပူတင်တို့၏ တွေ့ဆုံမှုကို သောကြာနေ့ (ဩဂုတ် ၁၅) တွင် အလက်စကာ၌ ကျင်းပမည်ဖြစ်သည်။ အိမ်ဖြူတော်က ယင်း အစည်းအဝေးသည် ပြောဆိုဆွေးနွေးမှုများကို နားထောင်မည့် အစီအစဉ် အဖြစ် ရည်ညွှန်းဖော်ပြခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမည် ဟူသော မျှော်လင့်ချက်များကို လျှော့ချထားသည်ဟု တွေ့မြင်ရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီး တက်ရောက်မည်မဟုတ်သဖြင့် ကိယက်ဗ် သည် အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မလိုလားအပ်သော သဘော တူညီချက် မျိုးကို မဖြစ်မနေ လက်ခံရမည်ဟူသော စိုးရိမ်မှုများ ပေါ်ပေါက်လျက် ရှိသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

Photo Crd- The Guardian

နေပြည်တော် ဩဂုတ် ၁၃

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟို ကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း ၄၀ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၄၅ ဦးက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အဆင့်ဆင့်ဖွဲ့စည်းထားရှိ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများအား နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ဇွန်လ ၁၄ ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် ကြိုတင်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”ကို ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအားအဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယနေ့တွင် ဗဟိုကော်မတီအစည်းအဝေးကို ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ထိပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီများအား အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံးမဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး” စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် အထူးအလေးထား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့် အနေဖြင့် ဥပဒေနှင့်အညီ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များအား သိရှိနားလည်ပြီး လုံခြုံရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူက ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အား ရှင်လင်းတင်ပြပြီးနောက် ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်သက်နိုင်က အထွေထွေရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်မည့် လျာထားအစီအမံများအား ရှင်းလင်းတင်ပြသည်။

ဆွေးနွေးတင်ပြ

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုံခြုံရေးအစီအမံများအား ရှင်းလင်းတင်ပြကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်တို့က အသီးသီးဆွေးနွေးတင်ပြကြသည်။

ထိုသို့ ဆွေးနွေးတင်ပြချက်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဇီလန်စကီးက ဒွန်ဘတ်စ်မှ ဆုတ်ခွာရန် ငြင်းဆို

ယူကရိန်းတပ်များသည် လက်ရှိသိမ်းပိုက်ထားသော ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာရန် လုံးဝငြင်းဆိုကြောင်း ဗလာဒီမာ ဇီလန်စကီးက ပြောကြား ခဲ့သည်။ ရုရှားနှင့် ဖလှယ်ရန် အလားအလာရှိသည့် သဘောတူညီချက် တွင် ထိုဒေသပါဝင်နိုင်ကြောင်း အဆိုပြုချက်ကိုလည်း ပယ်ချခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က သတင်းထောက်များအား ပြောကြားရာတွင် ဇီလန်စကီးက ဒွန်ဘတ်စ်ဒေသကို ရုရှားထံ လွှဲအပ်ပါက မော်စကိုအနေဖြင့်နှစ်အနည်းငယ်အတွင်း ယူကရိန်းအတွင်းသို့ ထပ်မံဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေးဖြစ်လာမည်ဟု ဆိုသည်။

“မိမိတို့အနေဖြင့် ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာမည်မဟုတ်ပါ၊ ထိုသို့ မလုပ် ဆောင်နိုင်ပါ၊ လူတိုင်း မေ့နေသည့် အဓိကအချက်မှာ မိမိတို့၏ နယ်မြေ များကို တရားမဝင် သိမ်းပိုက်ထားခြင်းဖြစ်သည်” ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။ ထိုဒေသသည် ရုရှားအတွက် နှစ်အနည်းငယ်အတွင်း ယူကရိန်းကို ထပ်မံတိုက်ခိုက်ရန် ခြေကုပ်နေရာအဖြစ် အသုံးပြုနိုင်မည် ဟု ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။

"မည်သည့်နယ်မြေဆိုင်ရာကိစ္စမျှ လုံခြုံရေးအာမခံချက်များနှင့် ခွဲ၍ မရ နိုင်ပါ။ သို့မဟုတ်ပါက ယခုအခါတွင် ရုရှားသည် စတုရန်းကီလိုမီတာ ၉၀၀၀ ခန့် (ဒွန်နက်စ်ဒေသကြီး၏ ၃၀% ခန့်) ကို လက်ဆောင်အဖြစ် လိုချင်နေပြီး ၎င်းသည် ရုရှားတို့၏ နောက်ထပ်ကျူးကျော်စစ်အတွက် အခြေစိုက်စခန်းဖြစ်လာမည်" ဟု ဇီလန်စကီးက ဆိုသည်။

ထိုပြောကြားချက်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကို နှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုအတွက် နှစ်ဖက်စလုံးမှ နယ်မြေဆိုင်ရာ လျှော့ပေးမှုများ လိုအပ်မည်ဟု ပြောကြား ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ "ရုရှားတို့သည် အလွန်အရေး ကြီးသော နယ်မြေများကို သိမ်းပိုက်ထားပါသည်၊ မိမိတို့အနေဖြင့် ယူကရိန်း အတွက် ထိုနယ်မြေအချို့ကို ပြန်လည်ရရှိရန် ကြိုးစားသွားမည်" ဟု ထရမ့်က တနင်္လာနေ့ (ဩဂုတ် ၁၁) က ပြောကြားခဲ့သည်။

လူဂန့်စ် (LPR) နှင့် ဒွန်နက်စ် (DPR) ပြည်သူ့သမ္မတနိုင်ငံများ၊ ဇာပိုရိုဇီးယားနှင့် ခါဆန်ဒေသများသည် ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲများအပြီး ရုရှားနိုင်ငံ၏ အစိတ်အပိုင်းများ ဖြစ်လာခဲ့သည်။ LPR ကို ယခုနှစ်အစောပိုင်းတွင် ရုရှားစစ်တပ်က အပြည့်အဝ သိမ်းပိုက် နိုင်ခဲ့သော်လည်း ရုရှား၏ အခြားယူကရိန်းနယ်မြေဟောင်းများအပေါ်ထိန်းချုပ်မှုမှာ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ ကိယက်ဗ် အစိုးရသည် ထိုနယ်မြေလေးခုနှင့် ခရိုင်းမီးယားဒေသကိုပါ ဆက်လက်တောင်းဆို လျက်ရှိပြီး ခရိုင်းမီးယားသည် ၂၀၁၄ ခုနှစ်က အနောက်နိုင်ငံများက အားပေးခဲ့သော ကိယက်ဗ်အာဏာသိမ်းမှုအပြီး ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒ ခံယူခဲ့သည်။

ဇီလန်စကီးသည် မည်သည့်နယ်မြေဆိုင်ရာ လျှော့ပေးမှုကိုမဆို အများ သိအောင် ငြင်းဆိုခဲ့သော်လည်း မော်စကိုက မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင်မဆို ယူကရိန်းတပ်များ ရုရှား၏အသစ် ဖွဲ့စည်း ထားသောဒေသများမှ ရုပ်သိမ်းရန် လိုအပ်ကြောင်း အခိုင်အမာ ပြောဆို လျက်ရှိသည်။

ကိုးကား- RT

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနား တက်ရောက်

ရန်ကုန် ဩဂုတ် ၁၂

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီး၊ အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဆီမီးထွန်းညှိပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ဒုတိယသံအမတ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းပေးအပ်ကြသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အား အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က ညစာဖြင့် တည်ခင်းဧည့်ခံကြသည်။

အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များ၊ အိန္ဒိယနွယ်ဖွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ဂျာမနီတွင် AfD ပါတီသည် လူကြိုက်အများဆုံး ပါတီဖြစ်လာ

ဂျာမနီနိုင်ငံ၏ လက်ယာယိမ်း Alternative for Germany (AfD) ပါတီသည် ဝန်ကြီးချုပ် Friedrich Merz ၏ ရှေးရိုးစွဲ CDU/CSU မဟာမိတ်အဖွဲ့ကို ကျော်ဖြတ်ကာ နိုင်ငံ၏ လူကြိုက်အများဆုံး ပါတီ ဖြစ်လာကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က ထုတ်ပြန်သော RTL/ntv ၏ 'Trendbarometer' စစ်တမ်းအရ AfD သည် ၂၆% ဖြင့် စံချိန်သစ်တင်နေပြီး လက်ရှိ ညွန့်ပေါင်း အစိုးရအဖွဲ့၏ CDU/CSU မဟာမိတ်သည် ၂၄% သို့ ကျဆင်းကာ ၂၀၂၁ နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) နှင့် အစိမ်းရောင်ပါတီ (Green) တို့သည် ၁၃% အသီးသီးရှိပြီး လက်ဝဲပါတီ (Left) မှာ ၁၁% ရှိသည်။ အခြားပါတီများမှာ တစ်ခုလျှင် ၁% အောက်သာရှိသည်။ စစ်တမ်း ဖြေကြားသူ လေးပုံတစ်ပုံခန့်မှာ မဲပေးရန် ရှောင်ရှားမည် သို့မဟုတ် ဆုံးဖြတ်ရန် မရှိသေးကြောင်း ဖော်ပြခဲ့ပြီး ယခင်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် သိသာစွာ များပြားလာခြင်းဖြစ်သည်။

ဩဂုတ် ၁၃ ရက်နေ့တွင် Merz အစိုးရသစ် တာဝန်ထမ်းဆောင်မှု ရက် ၁၀၀ ပြည့်မည်ဖြစ်သော်လည်း ၎င်း၏ထောက်ခံမှုမှာ ၂၉% သို့ ကျဆင်း သွားကာ မေလက ရွေးကောက်တင်မြှောက်ခံရပြီးနောက် အနိမ့်ဆုံး အခြေအနေဖြစ်နေသည်။ မကျေနပ်မှုများမှာ ၆၇% အထိ တက်လာကာ အထူးသဖြင့် အရှေ့ဂျာမနီဒေသများနှင့် AfD၊ Left နှင့် အစိမ်းရောင် ပါတီ ထောက်ခံသူများက ပြင်းထန်စွာ ဝေဖန်နေကြသည်။ အဆိုပါ အခြေအနေ များက အစိုးရ၏ ရေရှည်တည်တံ့နိုင်မှုကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ဝန်ကြီးချုပ် Merz တက်လာသည့်အချိန်မှစ၍ ရုရှားနိုင်ငံအပေါ် တင်းမာသော သံတမန်ရေးရာလမ်းစဉ်ကို ကျင့်သုံးလျက်ရှိပြီး ယခုအခါ ယူကရိန်းသို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ (ယူရို ၅ ဘီလီယံ) အပို ထည့်ဝင်ရန် ကတိပြုထားသည်။ ဘာလင်သည် ယူကရိန်း၏ အကြီးဆုံး အထောက်အပံ့ပေးသူများအနက်မှ တစ်ဦးဖြစ်ကာ လွန်ခဲ့သည့်လက Merz က "ထိုပဋိပက္ခမှာ သံတမန်ရေးအရ အဖြေရှာရန် ရွေးစရာ လမ်းကုန် သွားပြီ" ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က သံတမန်ရေးထက် ပဋိပက္ခတင်းမာမှုကို ရွေးချယ်သည်ဟု စွပ်စွဲခဲ့သည်။ ယူကရိန်းသို့ အပိုရန်ပုံငွေထောက်ပံ့မှုသည် ဂျာမနီ၏ စီးပွားရေး အခြေအနေ ဆိုးရွားလာနေချိန်တွင် ဖြစ်ပေါ်လာသောကြောင့် ပြည်တွင်း မှ ဝေဖန်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။

စစ်တမ်းအရ ဂျာမနီနိုင်ငံသား ၆၂% က ယခုနှစ်အတွင်း စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာမည်ဟု မျှော်လင့်ထားကြပြီး ယခုအချိန်အထိ တွေ့ရှိရသည့် အဆိုးမြင်ဆုံးသော အခြေအနေဖြစ်ပြီး ၁၄% ကသာစီးပွားရေး တိုးတက်လာမည်ဟု ယုံကြည်ကြသည်။ စစ်တမ်းဖြေကြား သူများ၏ ထက်ဝက်ခန့်က နိုင်ငံ၏ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် ပါတီတစ်ခုကိုမျှ ယုံကြည်မှုမရှိကြောင်း ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော AfD ပါတီသည် ဂျာမနီ၏ ဆက်လက် ဖြစ်ပေါ်နေသော ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းများကြားမှ ထောက်ခံသူတဖြည်းဖြည်း တိုးလာခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ဖက်ဒရယ်ရွေးကောက်ပွဲတွင် ဘွန်ဒက်စတက်လွှတ်တော် အမတ်နေရာ ၆၃၀ တွင် အမတ်နေရာ ၁၅၂ နေရာဖြင့် ဒုတိယနေရာ ရရှိ ခဲ့ပြီး လာမည့်နှစ်တွင် ကျင်းပမည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ၎င်း၏စည်းရုံးဟောပြောမှုများကို ပြေပြစ် စေရန် ပြင်ဆင်လျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေး ကျင်းပ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ တက်ရောက်ကြသည်။

အောင်မြင်အောင် ဆောင်ရွက်

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်အောင်ဆောင်ရွက်ပေးရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း။

ဥပဒေနှင့်ညီညွတ်ရန်အရေးကြီး

ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန်ဖြစ်ကြောင်း၊ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်း။

ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားခြင်းမရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ရွေးကောက်ပွဲကျင်းပရာတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့်နိုင်ငံများလည်း ရှိသကဲ့သို့ အများစုမှာ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးကြသည်ကို လေ့လာတွေ့ရှိရကြောင်း။

လွှတ်တော်အစည်းအဝေးအထမြောက်ရန်အတွက် လိုအပ်သည့်ကိုယ်စားလှယ်များရရှိရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၈၅) တွင် ပထမဆုံးလွှတ်တော်အစည်းအဝေးကျင်းပရာ၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်မည်ဟုဖော်ပြပါရှိကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ်အစည်းအဝေး၌ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက်ပါက ဒုတိယအကြိမ်အစည်းအဝေးအထမြောက်သည်ဟု ဖော်ပြ ပါရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့နယ်များအားလုံး၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးခွင့်ရှိသူပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရသည့် မဲဆန္ဒရှင်များလည်း ကြိုတင်မဲများဖြင့် ဆန္ဒမဲများပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့်နေရာတွင် ရောက်ရှိနေသည့် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်များ မဆုံးရှုံးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

စိစစ်ကြပ်မတ်သွားရန်လို

ရွေးကောက်ပွဲကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း မဲစည်းရုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပါတီရုံးဖွင့်ခွင့်များ ရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်လိုသကဲ့သို့ ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်ကြပ်မတ် သွားရန်လိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍လည်း စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ချိန်တွင် ၎င်းတို့၏လုံခြုံရေးအတွက် မိမိတို့အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့်နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲမသမာမှု မရှိစေရေးအတွက်လည်း မြန်မာအီလက်ထရောနစ်မဲပေးစက်များကို ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်ကဲ့သို့သော မသမာမှုမျိုးမျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကာကွယ်ပေးမှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

သုတေသနပြုလုပ်အဖြေရှာ

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့်ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ရမည်ဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့်လည်း အမြန်ဆုံးတရားစီရင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သာမန်အမှုအခင်းမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကျူးလွန်မှုဖြစ်သဖြင့် ထိရောက်သည့် တရားစီရင်မှုများဖြင့် အမြန်ဆုံးတရားစီရင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် လက်ရှိကျောင်းတက်ရောက်နေသူ ဦးရေ ၇ သန်းကျော်ခန့်ရှိသည်ဟုသိရှိရကြောင်း၊ ယခင်နှစ်က ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်းများအနက် ယခုနှစ်တွင် မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသကဲ့သို့ ယခင်နှစ်တွင် ဖွင့်လှစ်နိုင်မှုမရှိခဲ့သည့် ကျောင်းများအနေဖြင့် ယခုနှစ်တွင် ဖွင့်လှစ်နိုင်သည်များလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများအား သဘာဝဘေးအန္တရာယ်ကြောင့် မဖြစ်မနေပိတ်ရသည်မှအပ ကျောင်းပိတ်ရခြင်းများမရှိစေရေး အလေးထားအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့်အတိုင်း ပညာရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းဇယားများကို ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနေဖြင့် ကျောင်းတက်ရောက်သူဦးရေမပြည့်မီခြင်း၊ တန်းစဉ်ကူးပြောင်းမှုအားနည်းခြင်းများကို တွေ့မြင်ရကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပညာရေးအားနည်းလာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့်လည်း ပညာရေးအားကောင်းလာစေရန် အထူးအလေးပေးဆောင်ရွက်သွားရန် လိုအပ်မည်ဟု ပြောကြားလိုကြောင်း။

တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများ ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကြောင့် နိုင်ငံတော်၏ စီးပွားရေးပျက်ခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ရှိ အဖိုးတန်သယံဇာတများကို မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်ပြီး တရားမဝင်ကုန်စည်များကို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် စီးပွားရေးအားကောင်းလာမှုမရှိခြင်းဖြစ်ကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကုန်ထုတ်လုပ်မှုရှိမှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း အစဉ်အားကောင်းနေနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြိုနယ်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနိုင်မည့်အခြေအနေသုံးသပ်ချက်၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ဖြန့်ခွဲအသုံးပြုနိုင်မှု၊ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှစ်အလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ နှိုင်းယှဉ်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့များဖွဲ့စည်းထားရှိမှု၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က တိုင်းစစ်ဌာနချုပ်များနှင့် နယ်မြေအလိုက် စစ်ဆင်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲများ ပိုမိုတိုးချဲ့ကျင်းပနိုင်ရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပမဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ပြဋ္ဌာန်းချက်မရှိသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး နိုင်ငံပေါင်း ၇၀ တွင် ကြိုတင်မဲပေးခြင်းစနစ် လက်ခံကျင့်သုံးလျက်ရှိမှု၊ ထိုနိုင်ငံ ၇၀ အနက် ၅၄ နိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပ ကြိုတင်မဲနှစ်မျိုးလုံးခွင့်ပြုပြီး ၁၆ နိုင်ငံတွင် ပြည်တွင်းကြိုတင်မဲသာခွင့်ပြုထားမှု၊ ထိုသို့ကြိုတင်မဲပေးခွင့်ပြုရာတွင်လည်း နိုင်ငံ ၁၅ နိုင်ငံကသာ မဲဆန္ဒရှင်များအားလုံးကို လွတ်လပ်စွာ ကြိုတင်မဲပေးခွင့်ပြုထားပြီး ကျန်နိုင်ငံ ၅၅ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်အမျိုးအစားများကို သီးခြားသတ်မှတ်ထားမှုများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ EAO များ၏ လှုပ်ရှားမှုများ၊ တပ်မတော်အနေဖြင့် စစ်ဆင်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် တိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင်မှုများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်လုပ်ငန်းများ နှိမ်နင်းရေး ဆောင်ရွက်မှုများကို တပ်မတော်နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အထွေထွေဆွေးနွေး

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစိုးရအဖွဲ့ဝန်ကြီးဌာနများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရည်မြှင့်တင်ရေးဆောင်ရွက်သွားမည့်အခြေအနေများ၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ပို့ဆောင်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲနည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြုမှုနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်စေရေး မီဒီယာများမှ အသိပညာ ပေးလျက်ရှိမှု၊ ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးကြစေရေး၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်မှသာ ပြည်သူများ လိုလားတောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်မည့်အခြေအနေများအား အများပြည်သူသိရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဖြည့်စွက်မှာကြား

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမည့်စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည့်အခြေအနေများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးပါတီများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ပါတီရုံးများလုံခြုံရေး၊ ရပ်ကွက်အလိုက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အရည်အချင်းရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး ဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မီဒီယာများမှ စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပညာပေးမှုများဆောင်ရွက်သွားရမည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို လိုလားသူများအနေဖြင့် ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အားပေးထောက်ခံမှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုစသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုထက်ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုကြောင်း၊ ပိုက်စိပ်တိုက်သတင်းရယူဖော်ထုတ်၍ တရားဥပဒေနှင့်အညီ နှိမ်နင်းသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြေပြင်အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အလေးထားကိုင်တွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မိမိတို့ကော်မရှင်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုနိုင်ရန်၊ ထိရောက်စွာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များအားလုံးအနေဖြင့် လုပ်ငန်းရပ်များအားလုံး အောင်မြင်စေရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးမှ အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၀၀ နှင့် အမျိုးသမီးလေးဦး စုစုပေါင်း ၁၀၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများ ကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၉၀ နှင့် အမျိုးသမီးနှစ်ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသားသုံးဦး၊ KIA အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသားနှစ်ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် မိုးမိတ်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသားတစ်ဦး၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၁၀၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 အမျိုးအစား သေနတ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည်တောင့် ၃၀၊ Type-82 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၎င်းကျည်တောင့် ၂၁၀ ၊ MA-3 တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး တာဝန်ရှိသူများက သေနတ်တစ်လက်လျှင် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် သေနတ်သုံးလက်အတွက် ငွေကျပ်သိန်း ၁၅၀ နှင့် လက်ပစ်ဗုံးတစ်လုံးလျှင် ဆုကြေးငွေကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံး ၁၂ လုံးအတွက် ငွေကျပ် ၃၆ သိန်း စုစုပေါင်းငွေကျပ် ၁၈၆ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

ယင်းနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း အခုကဲ့သို့ ကြားသိရပါသည်-

အမျိုးသမီး

ကျွန်မက ခရီးသွားရင်းနဲ့ ကျွန်မဦးလေးက စစ်သားဆိုတော့မှ ကျွန်မကို ဖမ်းတာပေါ့။ ဖမ်းပြီးတော့မှ နင့်ဦးလေးက စစ်သား နင် PDF ထဲဝင်မှာလား။ မဝင်ရင် နင့်မိသားစုကို တစ်ခုခုလုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာပေါ့။ ခြိမ်းခြောက်ပြီးတဲ့အခါကျတော့ မိသားစုကိုတော့ မလုပ်ပါနဲ့။ ကျွန်မပဲ အဲဒီအထဲ ဝင်မယ်ဆိုပြီးတော့မှ အနစ်နာခံပြီးတော့ အဲဒီအထဲဝင်သွားခဲ့တယ်။ ဝင်ပြီးတော့ အဲဒီမှာ သင်တန်းတွေ အတင်းတက်ခိုင်းတယ်။ တက်ခိုင်းပြီးတော့မှ သင်တန်းမှာ သင်တန်းဆင်းရင်းနဲ့ မူးလဲတာတောင်မှ ဘာမှမလုပ်ပေးဘူး။ မထူနဲ့ဘာညာ အဲဒီလိုမျိုးပြောတယ်။ ပြီးတော့ ထမင်းစားရတာကျတော့လည်း အဆင်မပြေဘူး။ တစ်နေ့ကိုမှ နှစ်နပ်ပဲ ကျွေးတယ်။ ပြီးတော့ ထမင်းက လည်း အချိန်နဲ့စားရတာဆိုတော့ စားရတာ အဆင်မပြေဘူး။   ပြီးတော့ တစ်ခါတလေကြရင် ထမင်းသိုးတွေဘာတွေ စားရတာ။ သင်တန်းဆင်းပြီးတဲ့အခါကြတော့လည်း အဲဒီမှာနေပြီးတော့မှ ထမင်းတွေဘာတွေ ချက်ခိုင်းတယ်။ အလုပ်တွေ ဘာတွေ လုပ်ခိုင်းတယ်။ ပြီးတော့ တခြား နယ်တွေမှာ သူတို့ ရန်ပုံငွေရဖို့အတွက် မဲတွေဘာတွေ လိုက်ရောင်းခိုင်းတယ်။ တစ်နေကုန်လိုက်ရောင်းပြီး ပြန်လာတယ်။ ပြီးလို့ရှိရင် အဲဒီမဲကို သူတို့က ဖောက်ပေးလားဆို မဲလည်း မဖောက်ပေးဘူး။ အဲဒီရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တယ်။ အဲဒီလုပ်ရပ်တွေကိုလည်း ကျွန်မတို့က မကြိုက်ဘူး။ ပြီးတဲ့အခါကျတော့ ကင်းတွေ ဘာတွေလည်း စောင့်ရတယ်။ ကင်းတွေဘာတွေ စောင့်လို့ရှိရင်လည်း အရမ်းအေးတယ်။ အရမ်းအေးလို့ရှိရင် သူတို့က စောင်တွေဆိုလည်း လုံလုံလောက်လောက် မပေးဘူး။ ကျွန်မတို့ အဝတ်အစားတွေ၊ အနွေးထည်တွေမရှိဘူး။ အဲဒီလို မျိုးထားတယ်။ ပြီးလို့ရှိရင် ထမင်းစားရင်လည်း ဟင်းက မကောင်းဘူး။ အဲလိုမျိုးထားတယ်။ ပြီးတော့ အဲဒီလိုပဲ ဟင်းပေါ့ အဲလိုမျိုးတွေနဲ့ စားရတယ်။ အဲလို သူတို့ရဲ့လုပ်ရပ်တွေပေါ့။ သူတို့ရဲ့ အခုပိုက်ဆံ အလွဲသုံးစားလုပ်နေမှုတွေ၊ တခြားလုပ်ရပ်တွေပေါ့။ သူများဟာတွေကို အနိုင်ကျင့်နေမှုတွေ၊ သူများပိုက်ဆံတွေကို လိမ်ပြီးတော့မှ ပြည်သူ့အတွက် လုပ်နေပါတယ်ဆိုပြီးတော့မှ အဲလိုမျိုးတွေ ပြောနေတာပေါ့။ အဲဒီလိုမျိုးတွေကိုလည်း ကျွန်မတို့မကြိုက်တဲ့အတွက် အဲ့ထဲကနေ ထွက်ပြေးပြီးတော့ ဒီဘက်ကို အလင်းလာဝင်ခြင်းဖြစ်ပါတယ်။ အခုကျန်ရှိနေတဲ့ အဖွဲ့သားတွေ၊ ကျန်တဲ့သူတွေရော ကျွန်မတို့လို အနိုင်ကျင့်ခံရတာကို ပြီးတော့ အတင်းအဓမ္မ ခေါ်ခံရတာမျိုးတို့ ရှိတဲ့သူတွေလည်း ရှိကြတယ်။ အဲ့လိုရှိတဲ့သူတွေလည်း တပ်မတော်ဘက်က အလင်းဝင်တဲ့သူတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ကျွန်မကိုလည်း တပ်မတော်က အလင်းဝင်တဲ့အတွက် ဘာမှမလုပ်ဘူး။ ကောင်းကောင်းမွန်မွန်ပဲထားတယ်။ ကောင်းကောင်းမွန်မွန်ပဲ မိဘလက်ထဲပြန်အပ်တယ်။ အဲတာကြောင့်မို့ ကျန်ရှိနေတဲ့သူတွေကိုလည်း တပ်မတော်ထဲမှာ အမှားကိုသိပြီး အမှန်ကို ပြန်ပြင်နိုင်အောင်လို့ တပ်မတော်ထဲကို အလင်းဝင်ပါလို့ ကျွန်မက ပြောချင်ပါတယ်။

အမျိုးသား

အကြမ်းဖက် TNLA ထဲ ရောက်လာတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ရွာကို လာပြီးတော့ အဓမ္မအတင်းဆွဲခေါ်တာပေါ့။ တချို့က မင်းတို့မလိုက်ရင် မင်းတို့မိဘကို ခေါ်သွားမယ်၊ အိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ပြီးတော့ ကျွန်တော် အဲဒီအဖွဲ့ထဲကို ရောက်သွားပါတယ်။ အဲဒီမှာ အစားလည်း ဆင်းရဲတယ်။ အနေလည်း ဆင်းရဲတယ်။ ဆေးဝါးလည်း မပြည့်စုံဘူး။ လေ့ကျင့်ခန်းလည်း ကြမ်းကြမ်းတမ်းတမ်းလည်း လုပ်ရတယ်။ အသက်ကြီးပိုင်းတွေဆိုရင် လေ့ကျင့်ခန်းမလုပ်နိုင်ရင် ရိုက်တယ်။ ဆူတယ်၊ ကန်တယ်၊ ရေထဲစိမ်တယ်။ တချို့ဆို မူးလဲတယ်။ ပြန်မထူခိုင်းဘူး ဒီအတိုင်းပဲ ထားခိုင်းတယ်။ တချို့ဆိုရင် နေပူလှန်းလို့ လှုပ်ရင် သေနတ်တွေနဲ့ ခြိမ်းခြောက်တာပေါ့။ မင်းတို့ကို ပစ်သတ်လို့ရတယ်။ ငါတို့အဖွဲ့အစည်းမှာ လူသတ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ တချို့ထွက်ပြေးတဲ့ ရဲဘော်တွေလည်းရှိတယ်။ သင်တန်းကွင်းမှာ စိတ်ပင်ပန်းလို့ ပြန်မိရင် ရိုက်တယ်၊ နှက်တယ်၊ ထုတယ်။ မင်းတို့ဘာကြောင့်ထွက်ပြေးတာလည်းလို့ မေးတယ်။ မင်းတို့အာဏာရှင်တိုက်ထုတ်ဖို့ ဝင်လာတာမဟုတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်တို့အမြင်မှာတော့ ဒီသင်တန်းကွင်းမှာ လေ့ကျင့်ခန်းလုပ်ခိုင်းတာ အာဏာရှင်ထက် ဆိုးနေတာပေါ့။ ရိုက်တယ်၊ ကြမ်းတယ်ပြောတော့ အာဏာရှင် မကြိုက်ဘူးလေး ဘာလေးနဲ့ တကယ်တမ်းအာဏာရှင်က သူတို့ဖြစ်နေတယ်။ TNLA အဖွဲ့နဲ့ DPLA အဖွဲ့မှာဆိုရင် ဒီအဖွဲ့အစည်း လည်း သိပ်မရှိတော့ဘူးပေါ့နော်။ အလင်းဝင်ချင်တဲ့သူတွေလည်း ရှိတယ်။ ထွက်ပြေးလွတ်မြောက်တဲ့ ရဲဘော်တွေလည်း ရှိတယ်။ တပ်မတော်ထဲ အလင်းဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ တပ်မတော်က ညှဉ်းပန်းနှိပ်စက်တာတွေမရှိဘူး။ သူတို့ပြောခဲ့သမျှဟာတွေ ဘာမှမဟုတ်ဘူး။ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ရှေ့ဆက်ပြီး အလင်းဝင်ပြီးတော့ ကျွန်တော်တို့ ကျောင်းတက်ချင်တဲ့ ရဲဘော်တွေလည်း ကျောင်းနေလို့ရတယ်။ မိဘနဲ့ လွတ်လွတ်လပ်လပ် နေအိမ်မှာ တောင်ယာလုပ်စားချင်လည်း ရတယ်။ ဘာမှကြောက်စရာ မလိုဘူး။ အေးအေးဆေးဆေး ဖော်ဖော်ရွေရွေပဲ အစားအသောက်ကောင်းလည်း ကျွေးတယ်။ ဒါကြောင့်မို့ အလင်းဝင်ရောက်ဖို့ရာ ဖိတ်ခေါ်ပါတယ်။