သတင်းများ

09 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဆင်မျှောကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအနီးသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးအောင်ဆွေ(၅၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားနေသည့်နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဘိုရုံစုကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ခိုင်ခိုင်ဝေ(၂၅)နှစ်သည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း မြက်ရှင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပစ်ခတ်ထားသော ဗုံးသီးအဟောင်း တစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိကာ ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဗုံးသီး ပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်နှင့်မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်၊ မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာသည့် MDY-14/5M-XXXX NISSAN DIESEL ခြောက်ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ နန်းသီရိအောင်(ခ)ဘောပြားမ၊ ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းနှင့် စောရန်နိုင် တို့အား ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွား ကားလမ်း၌ FORD RANGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ သုံးဦးအနက် ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းသည် မူးယစ်အမှုများဖြင့် အလိုရှိ တရားခံပြေး တစ်ဦး ဖြစ်ကြောင်း။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားနှင့် ဇော်ဇော်နောင် (ခ)ကိုနောင်တို့ နှစ်ဦးအား အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားမှာလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေး တစ်ဦး ဖြစ်ကြောင်း သိရှိရပြီး ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူနှင့် မိုင်းရယ်မြို့နေ စိုင်းစောတို့ နှစ်ဦးမှ မူးယစ်ဆေးဝါးများအား လွှဲပြောင်းပေးခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MWD Web Portal

ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေခဲ့သော တရုတ်မော်ဒယ်လ်ကို ကယ်ဆယ် နိုင်ခဲ့ပြီး သံရုံးမှ အလုပ်ကမ်းလှမ်းမှုများနှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ဓာတ်ပုံရိုက်ကူးရေးအလုပ်ကမ်းလှမ်းမှုကို လက်ခံပြီးနောက် ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ဘန်ကောက်ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့ပြီး သံရုံးမှ တရုတ်နိုင်ငံသား များအား အလွယ်တကူ အလုပ်ကမ်းလှမ်းမှုများကို လက်မခံရန် သတိ ပေးထားသည်။

သံရုံးမှ ထုတ်ပြန်ချက်အရ “ကျုံး” အမည်ရှိသူတစ်ဦးအား အဖွဲ့အစည်း မျိုးစုံ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ကယ်တင်နိုင်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့ဘဲ ထိုသူ၏ အမည်အပြည့်အစုံ နှင့် လိင်ကိုလည်း ဖော်ပြခဲ့ခြင်းမရှိပေ။

တရုတ် အစိုးရထောက်ခံသော မီဒီယာများက ဇွန်လအစောပိုင်းက မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံရိုက်ကူးရန် ထိုင်းသို့ရောက်ရှိလာပြီးနောက် “ကျုံး” အမည်ရှိ အသက် ၂၃ နှစ်အရွယ် တရုတ်လူငယ်တစ်ဦးအား လှည့်ဖြားကာ မြန်မာနိုင်ငံသို့ လူကုန်ကူးခံရကြောင်း သောကြာနေ့ (ဇူလိုင် ၄) တွင် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံပိုင်အသံလွှင့်ဌာန CCTV ၏ ဖော်ပြချက်အရ ၎င်း၏နှမသည် မကြာသေးမီက မြန်မာနိုင်ငံရှိ မသိရှိရသော နေရာတစ်ခုမှ သံသယ ဖြစ်ဖွယ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီးနောက် ကွမ်ကျိုးနှင့် ဘန်ကောက် ရဲတပ်ဖွဲ့များထံ ၎င်းပျောက်ဆုံးနေကြောင်း အကြောင်းကြားခဲ့သည်။

ဘန်ကောက်ရှိ တရုတ်သံရုံးမှ ၎င်း၏နိုင်ငံသားများအား နိုင်ငံခြားရှိ သံသယဖြစ်ဖွယ် “လုပ်ခလစာမြင့်အလုပ်များ” ကို သတိထားရန် သတိပေးခဲ့ပြီး ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ရန် သင့်လျော်သော ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ အဆိုပါ သတိပေးချက်သည် နိုင်ငံခြားရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် လူကုန်ကူးမှုနှင့် လှည့်ဖြားအလုပ်အကိုင်ကမ်းလှမ်းမှုများအပေါ် စိုးရိမ်မှုများ တိုးပွားလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ အဆိုအရ လူမှောင်ခိုကွန်ရက်များသည် အရှေ့တောင် အာရှတစ်လွှား၊ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်း လိမ်လည်မှုစခန်းများသို့ လူပေါင်းသိန်းချီကို လူကုန်ကူးခဲ့ပြီး သားကောင် များအား တရားမဝင် အွန်လိုင်းလှည့်ဖြားမှုလုပ်ငန်းများတွင် အဓမ္မ အလုပ် လုပ်စေခဲ့သည်။

လတ်တလောဖြစ်စဉ်သည် ဇန်နဝါရီလက နိုင်ငံတစ်ဝှမ်း စိတ်ဝင်စားမှု ဖြစ်စေခဲ့သည့် အလားတူဖြစ်ရပ်တစ်ခုနှင့် ဆင်တူသည်။ ထိုအချိန်က အသက် ၃၁ နှစ်အရွယ် တရုတ်သရုပ်ဆောင်တစ်ဦးသည် ထိုင်းတွင် ရုပ်ရှင် ရိုက်ကူးရန်အလုပ်အဖြစ် လှည့်ဖြားခံရပြီး မြန်မာနိုင်ငံရှိ အွန်လိုင်း လိမ်လည်မှု စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ နောက်ဆုံးတွင် ထိုင်းရဲတပ်ဖွဲ့ မှ ၎င်းအား ကယ်တင်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်အပြီးတွင် တရုတ်နှင့် ထိုင်း နိုင်ငံတို့သည် လိမ်လည်မှုစခန်းများအား စုံစမ်းစစ်ဆေးရန်နှင့် တိုက်ဖျက်ရန် အတွက် ဘန်ကောက်တွင် ညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ရန် သဘော တူညီခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ်သံရုံးသည် သောကြာနေ့ (ဇူလိုင် ၄) က သံရုံး၏ WeChat အကောင့်တွင် “အွန်လိုင်း ဆက်သွယ်ရေး လှည့်ဖြားမှု နည်းလမ်းအသစ်များ ပေါ်ထွက်လာခြင်း” ကို ကိုင်တွယ်ဖြေရှင်းသည့် အသိပေးချက် ရှည်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ထိုအသိပေးချက်တွင် ပြည်သူများအား လှည့်ဖြားမှုများကို ဖော်ထုတ် နိုင်ရန် ရည်ရွယ်၍ သတိပြုရမည့် အကြံပြုချက်များနှင့် အဓိက စကားစုများ ၂၀ ကို စာရင်းပြုစုဖော်ပြထားသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ 

ယူကရိန်းတွင် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးနေသည့် အရာရှိများထံမှ ကယ်တင်ရန် ကြိုးစားစဉ် အမေဖြစ်သူ သေဆုံး

ယူကရိန်းအရှေ့ပိုင်းဒေသမှ အမျိုးသမီးတစ်ဦးသည် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးနေသည့် အရာရှိများကို ခုခံရင်း သေဆုံးသွား ခဲ့သည်ဟု ဒေသဆိုင်ရာ သတင်းများနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ နေသည့် ထိတ်လန့်ဖွယ် ဗီဒီယိုမှတ်တမ်းများက ဖော်ပြခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yelena Sobolevskaya က အမျိုးသမီး သေဆုံးမှုကို ငြင်းဆိုခဲ့ပြီး Strana.UA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ အမျိုးသမီးသည် လူနာတင်ယာဉ်အတွင်း၌ပင် မကြာမီ အသက် ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်သည် Kharkov ဒေသ၊ Merefa မြို့တွင် ဖြစ်ပွားခဲ့ပြီး ဒေသခံ Telegram ချန်နယ်များနှင့် Strana.UA သတင်းဝက်ဘ်ဆိုက်က ထုတ်ပြန်သည့် ဗီဒီယိုများတွင် အသက် ၆၀ နီးပါးရှိသည့် အမျိုးသမီး တစ်ဦးသည် လမ်းပေါ်တွင်နောက်ပြန်ဆုတ်နေသည့် ဗန်ကားရှေ့မှန်ကို စွဲကိုင်ထားရင်း ပြင်းထန်စွာ အော်ဟစ်နေသည်ကို တွေ့ရသည်။

ယူကရိန်းသည် စစ်မြေပြင်တွင် ကြီးမားသောဆုံးရှုံးမှုများကြောင့် စစ်မှု ထမ်းဆောင်ရန် ဥပဒေများကို ပိုမိုတင်းကျပ်လိုက်ကာ စစ်မှုထမ်း အရွယ် ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချခဲ့ပြီး စုဆောင်းရေး အရာရှိများ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ခဲ့သည်။ Territorial Centers of Recruitment and Social Support (TCR) မှ ကြီးကြပ်သည့် အဆိုပါ စစ်အင်အား စုဆောင်းရေး လုပ်ငန်းစဉ်သည် အာဏာသုံး စုဆောင်းမှုများနှင့် ကြမ်းတမ်းသော နည်းလမ်းများကြောင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

လူမှုကွန်ရက်များပေါ်တွင် စစ်သားစုဆောင်းရေး အဖွဲ့များထံမှ လွတ်မြောက်ရန် ပြေးလွှားနေကြသည့် (သို့) ရင်ဆိုင်တိုက်ခိုက်နေသည့် အမျိုးသားများ၏ ဗီဒီယိုများဖြင့် ဝေဆာနေပြီး စုဆောင်းရေး အရာရှိ များသည် အရပ်သားများထံမှ ပိုမိုများပြားလာသည့် ခုခံမှုများကို ရင်ဆိုင်နေရပါသည်။ ယူကရိန်းလွှတ်တော်အမတ် Roman Kostenko ၏ မကြာသေးမီက ထုတ်ဖော်ပြောကြားချက်အရ စစ်မှုထမ်းသစ်များအနက် လေးပုံတစ်ပုံထက်နည်းသောသူများသာ ဆန္ဒအလျောက် စစ်မှုထမ်းဆောင် ကြပြီး အများစုမှာ အတင်းအကျပ် စုဆောင်းမှုစနစ်မှတစ်ဆင့် စစ်တပ် ထဲသို့ ရောက်ရှိလာကြသည်ဟု ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိ များသည် လူများကို “လမ်းပေါ်က ခွေးများကို ဖမ်းသကဲ့သို့” အတင်း အကျပ် ဖမ်းဆီးနေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက ကိယက်ဗ် အစိုးရ အား အနောက်နိုင်ငံများအတွက် “ယူကရိန်းလူမျိုး နောက်ဆုံးတစ်ဦး ကျန်သည်အထိ” စစ်ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့သည်။

ထိုစဉ်အတွင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်သား စုဆောင်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သော ဝေဖန်မှုများကို “ရုရှား၏ ဝါဒဖြန့်မှုများ ဖြစ်သည်” ဟု တရားဝင်ငြင်းဆန်ထားသည်။

ကိုးကား- RT

Photo: Times of India

AI ကို အသုံးပြု၍ Marco Rubio အယောင်ဆောင်သူတစ်ဦးကြောင့် ဝါရှင်တန်က သတိပေးမှုများ လုပ်ဆောင်

အမေရိကန်နှင့် ပြည်ပနိုင်ငံများ၏ အရာရှိများထံ AI နည်းပညာဖြင့် Marco Rubio အဖြစ် ဟန်ဆောင်ဆက်သွယ်ရန်ကြိုးပမ်းခဲ့သည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မှတ်တမ်းများကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

အယောင်ဆောင်သူသည် Rubio ၏ အသံနှင့် မက်ဆေ့ဂျ်များကို AI ဖြင့် ဖန်တီးထားကာ အနည်းဆုံး နိုင်ငံခြားဝန်ကြီး (၃) ဦး၊ အမေရိကန် ဆီးနိတ် တစ်ဦးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးထံ ပေးပို့ခဲ့သည်ဟု သိရသည်။ Washington Post ၏ ဖော်ပြချက်အရ အဆိုပါလုပ်ရပ်တွင် Signal စာတိုအက်ပ်ကို အသုံးပြုကာ marco.rubio@state.gov ဟူသောအတုအယောင် အီးမေးလ်လိပ်စာဖြင့် အကောင့်ဖွင့်ခဲ့ပြီး ထိုသို့သော ဆက်သွယ်မှုများကို ဇွန်လအလယ်ပိုင်းကတည်းက စတင်လုပ်ဆောင်ခဲ့ သည်ဟု ဆိုသည်။

“အဆိုပါလုပ်ရပ်ကြောင့် ဝန်ကြီးဌာနအား တိုက်ရိုက်ဆိုက်ဘာ ခြိမ်းခြောက်မှု မရှိသော်လည်း ပစ်မှတ်ထားခံရသူများသည် အပြန်အလှန် ပေးပို့မှုများ လုပ်ဆောင်ခဲ့ပါက ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေထားသော အချက်အလက်များ ထိခိုက်နိုင်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးများသို့ ပေးပို့သည့် မှတ်တမ်းများကိုကိုးကား၍ AP က ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က “ဌာနအနေဖြင့် မိမိတို့၏ အချက်အလက်များကို ကာကွယ်ရန် တာဝန်ကို အလေးအနက်ထားကာ နောင်တွင် ထိုသို့သောဖြစ်ရပ်များ ထပ်မံ မဖြစ်ပွား စေရန် ဆိုက်ဘာလုံခြုံရေးအခြေအနေကို အဆက်မပြတ် မြှင့်တင်လျက် ရှိသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်မတိုင်မီ မေလတွင် FBI က အမေရိကန်အရာရှိကြီးများ၏ အသံအတုများကို အသုံးပြုသည့် “အန္တရာယ်ရှိသူများ” အကြောင်း အများ ပြည်သူကို သတိပေးခဲ့ဖူးသည်။ ထိုသတိပေးချက်သည် White House Chief of Staff Susie Wiles ၏ ဖုန်းကို ဟက်ကာ အချက်အလက် အတုများ ပေးပို့ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟူသီ တို့က ပင်လယ်နီတွင် ကုန်တင်သင်္ဘော ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် ဗီဒီယိုကို ထုတ်ပြန်

ဟူသီ တို့သည် Magic Seas ကုန်တင်သင်္ဘောကို တိုက်ခိုက်ပြီး မိုင်းထောင်ကာ ပင်လယ်နီတွင် နစ်မြုပ်စေခဲ့သည့် ဗီဒီယိုကို လူမှု ကွန်ရက် ပေါ်တွင် တင်ခဲ့သည်။ ဟူသီ တပ်ဖွဲ့များက ဇူလိုင် ၈ ရက်နေ့တွင် Magic Seas ကုန်တင်သင်္ဘောသည် အစ္စရေးဆိပ်ကမ်းများသို့ ဝင်ရောက်ခြင်း အား တားမြစ်ထားသည့် အမိန့်ကို ချိုးဖောက်ခဲ့ပြီး သင်္ဘော ကပ္ပတိန် ကလည်း သင်္ဘောကို အရှိန်လျှော့ချရန်နှင့် ရပ်တန့်ရန် အမိန့်များကို လိုက်နာရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဟူသီ အဖွဲ့ဝင် များက Magic Seas သင်္ဘောကို လူမဲ့လှေများနှင့် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။

သင်္ဘောအမှုထမ်းများ Magic Seas မှ ထွက်ခွာသွားပြီးနောက် ဟူသီ လက်နက်ကိုင် အနည်းဆုံး သုံးဦးသည် သင်္ဘောပေါ်တက်ကာ သင်္ဘော ကိုယ်ထည်တစ်လျှောက် မိုင်းများထောင်ပြီး ပေါက်ကွဲစေခဲ့သည်။ ထို့နောက် သင်္ဘောသည် နှစ်ပိုင်းကွဲသွားကာ လုံးဝနစ်မြုပ်သွားခဲ့သည်ကို တွေ့ရှိ ရသည်။ ထိုနေ့တစ်နေ့တည်းတွင်ပင် ဟူသီ တို့က ပင်လယ်နီတွင် မြောက်ဘက်သို့ ဦးတည်ခုတ်မောင်းနေသည့် Eternity C သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး ပြင်းထန်စွာ ပျက်စီးစေခဲ့သည်။ Reuters ၏ ဖော်ပြချက် အရ Magic Seas နှင့် Eternity C တို့သည် အစ္စရေးနိုင်ငံဆိပ်ကမ်းများသို့ ဆိုက်ကပ်ဖူးသည့် ကုမ္ပဏီ၏ သင်္ဘောများထဲမှ ဖြစ်သည်။

ဟူသီ တပ်ဖွဲ့များသည် ယခုအခါ ပင်လယ်နီတွင် ဖြတ်သန်းသွားလာ နေသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ရာ၌ ယခင်ကကဲ့သို့ UAV နှင့် ဒုံးကျည်များ အစား မြန်နှုန်းမြင့်လှေများ၊ လူမဲ့လှေများဖြင့် ဝိုင်းဝန်း တိုက်ခိုက်သည့် နည်းဗျူဟာကို သိသိသာသာ ပြောင်းလဲ အသုံးပြု လာကြောင်း တွေ့ရသည်။ ဟူသီ တို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အစ္စရေးနှင့် ဆက်စပ်နေသည်ဟု ဆိုသော သင်္ဘောများကို ပင်လယ်နီ တွင် တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ၎င်းတို့၏မဟာမိတ် ဟားမက် နှင့် ဂါဇာ ကမ်းမြောင်နေသူများကို တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့် စွပ်စွဲချက် ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။

ဟူသီ တပ်ဖွဲ့များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် Galaxy Leader သင်္ဘောကို သိမ်းပိုက်ခဲ့ပြီး ကုန်တင်သင်္ဘော သုံးစင်းကို နစ်မြုပ်စေကာ အခြားသင်္ဘောများစွာကို ပျက်စီးစေခဲ့သည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ပင်လယ်နီတွင် ၎င်းတို့၏လုပ်ဆောင်မှုများကို ရပ်တန့် စေရန် ယီမင်နိုင်ငံရှိ ဟူသီ လက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက် ခဲ့သည်။

ဟူသီ တို့သည် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများကြားမှာပင် ကုန်တင် သင်္ဘောများကို တိုက်ခိုက်ခြင်း၊ အမေရိကန် စစ်သင်္ဘောများကို ဒုံးကျည် နှင့် UAV များ အကြိမ်ကြိမ် ပစ်လွှတ်တိုက်ခိုက်ခြင်းများ ဆက်လက် ပြုလုပ် ခဲ့သည်။ ဟူသီ တို့သည် ပင်လယ်နီတွင် စစ်ဆင်နွှဲစဉ်က အမေရိကန်၏ MQ-9 လက်နက်တပ်ဆင်ထားသော UAV ၂၂ စင်းကို ပစ်ချနိုင်ခဲ့ပြီး ရန်သူ့ F-16 နှင့် F-35 တိုက်လေယာဉ်များကိုပစ်ခတ်မှုတွင်လည်း အနည်းငယ် သာ လွဲချော်ခဲ့သည်။

မေလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟူသီ တို့နှင့် စစ်ရေးရပ်စဲရေး သဘောတူညီချက်ရရှိကြောင်း မထင်မှတ်ဘဲ ကြေညာ ခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ ဝါရှင်တန်သည် ဟူသီ တို့အား ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်ရမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ကလည်း ပင်လယ်နီရှိ အမေရိကန် စစ်သင်္ဘောများကို တိုက်ခိုက်မှု ရပ်စဲရမည် ဖြစ်သည်။ သို့ရာတွင် အဆိုပါသဘောတူညီချက်တွင် ဟူသီ တို့အား အစ္စရေးနယ်မြေနှင့် ဆက်စပ်နေသော သင်္ဘောများကို ဒေသတွင်း၌ တိုက်ခိုက်မှုများ ရပ်စဲရန် ကန့်သတ်ထားသည့် သဘောတူညီချက် မပါဝင်ပေ။

ကိုးကား- VN Express

တက္ကဆက်ပြည်နယ်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေး အေးဂျင့် ချောင်းမြောင်းတိုက်ခိုက်ခံရ

အမေရိကန်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်များကို ဇူလိုင် ၄ ရက် ညပိုင်းက တက္ကဆက်ပြည်နယ်ရှိ စခန်းအပြင်ဘက်တွင် အကြမ်းဖက် အုပ်စုတစ်စုက ချောင်းမြောင်းတိုက်ခိုက်ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်တရားရေးဌာနက ဇူလိုင် ၇ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုအတွက် သံသယရှိ ၁၀ ဦးအား လူသတ်ရန် ကြံစည်မှု နှင့် လက်နက်ကိုင်အကြမ်းဖက်မှု စွဲချက်များဖြင့် တရားစွဲဆိုခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ဇူလိုင် ၄ ရက် ညပိုင်းတွင် Alvarado မြို့ရှိ Prairieland Detention Center (လူဝင်မှုစခန်း) အပြင်ဘက်၌ ဖြစ်ပွား ခဲ့သည်။ ထိုစခန်းကို ICE က နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများအားနိုင်ငံကူးလက်မှတ်မရှိဟု သတ်မှတ်ပြီး ပြန်ပို့ရန် စောင့်ဆိုင်းခိုက် ထိန်းသိမ်းထားရာနေရာအဖြစ် အသုံးပြုလျက်ရှိသည်။

သံသယရှိသူများသည် စစ်တပ်ပုံစံ ဝတ်စုံများဝတ်ဆင်ကာ အစပိုင်းတွင် ထောင်အပြင်ဘက်၌ မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ပြီး ICE အား ရှုတ်ချသည့် စာတမ်းများကို ယာဉ်များနှင့် စောင့်ကြပ်ရေးမျှော်စင်များပေါ်တွင် စပရေးဘူးများဖြင့် ရေးခြယ်ခဲ့ကြသည်။

လက်နက်ကိုင်ဆောင်မထားသော ထောင်အရာရှိနှစ်ဦးနှင့် လှည့်ကင်း အရာရှိတစ်ဦးတို့ စကားပြောရန် ရောက်ရှိလာစဉ် အကြမ်းဖက်သမားများက ရုတ်တရက်တိုက်ခိုက်ခဲ့သည်။ တောအုပ်ထဲမှ ပုန်းလျှိုးနေသော သံသယရှိသူတစ်ဦးက လှည့်ကင်းအရာရှိအား လည်ပင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခြားသံသယရှိသူတစ်ဦးက ထောင်အရာရှိနှစ်ဦးအား သေနတ်ဖြင့် အချက် ၂၀-၃၀ ခန့်အထိ ပစ်ခတ်ခဲ့သည်။ 

သံသယရှိသူများသည် ဖြစ်စဉ်နေရာမှ မီတာ ၃၀၀ အကွာတွင် ဖမ်းဆီး ခံခဲ့ရသည်။ အချို့သည် ကျည်ကာဝတ်စုံများဝတ်ဆင်ထားပြီး စကားပြောစက် များ၊ လက်နက်များ ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။ ဆက်လက် ရှာဖွေရာတွင် သံသယရှိသူများ၏ အိမ်နှင့်ယာဉ်များထဲမှ မျက်နှာဖုံး၊ မျက်မှန်၊ လက်အိတ်၊ စပရေးဘူး၊ ကျည်အိမ်များနှင့် ကျည်ကာဝတ်စုံ ၁၂ ထည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဇူလိုင် ၇ ရက်တွင်ပင် Alvarado မြို့၏ တောင်ဘက် ကီလိုမီတာ ၆၄၀ ကျော်အကွာရှိ McAllen မြို့တွင် အခြားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ် Ryan Louis Mosqueda သည် စစ်ဂျာကင်အင်္ကျီဝတ်ဆင်ကာ မောင်းပြန်သေနတ်ဖြင့် အမေရိကန် နယ်စပ် စောင့်တပ်ဖွဲ့ (Border Patrol) စခန်းအတွင်းသို့ အချက်ရေများစွာ ပစ်ခတ်ခဲ့ပြီး အရာရှိတစ်ဦးကို ဒဏ်ရာရစေခဲ့သည်။ နောက်ပိုင်းတွင် သံသယရှိသူအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

အမေရိကန်တရားရေးဌာနက ICE စခန်းများအပေါ် တိုက်ခိုက်မှုများကို နီးကပ်စွာ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက “ဖက်ဒရယ်အရာရှိများ သို့မဟုတ် စခန်းများအပေါ် မည်သည့်တိုက်ခိုက်မှုကိုမျှ အစိုးရက သည်းမခံနိုင်ပါ” ဟု ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင် ရေယာဉ်နှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၆ ရက်တွင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ရွာမလမ်းအမှတ် (4A, 45-1) ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၉၈၀၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်လမ်းရှိ ကမ်းနားဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၁၀၀၀၀၀) ကိုလည်းကောင်း၊ ဇူလိုင် ၇ ရက်တွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၁၂၄)ရှိ “တော်ဝင်ဆောင်း” စက်ပစ္စည်းနှင့် ကုန်မာဆိုင်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၇၇၅၀၀၀၀) ကိုလည်းကောင်း၊ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် လှိုင်းသစ်သမလမ်းရှိ “ထူး” ကုန်မာဆိုင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၇၅၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၃၅၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၇၁၃၇၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Yoon San ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၆၉၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၇၁၀၀၀၆၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မိုးကုတ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၂၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀) ကိုလည်းကောင်း၊ အမရပူရမြို့နယ် နတ်ရေကန်ရွာ တပ်မတော်လုံခြုံရေးဂိတ်၌ မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၉၃၆၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၉၃၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၀ မိုင် ၂ ဖာလုံ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၇၉၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Asia Star Bus တစ်စီး၊ Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇၉၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်၌တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဇူလိုင် ၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ရှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၄၂ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈၂၉၃၉၆၅၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

MOI

 နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစား မှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ အိန္ဒိယနိုင်ငံသား ၈ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့အား ဇူလိုင် ၈ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထား မှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ 

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက အဆိုပါလွှဲပြောင်းပေးအပ်မည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိစေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် အချက်အလက်အထောက်အထား စာရင်းဇယားများ မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ 

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Counsellor Mr. Pranav Ganesh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ Counsellor Mr. Keam Sarat နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ လူဝင်မှုကြီးကြပ်ရေးအရာရှိ Mr. Handwiyuto နှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေး ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ 

ထို့အတူ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ ဝမ်ခနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၂၃ ဦးအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင်လ ၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၂၂၂ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉,၀၀၉ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၃ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ 

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 