သတင်းများ

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

05 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် ညနေ ၄ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ကညှပ်ကျေးရွာနေ ဦးမောင်တင့်(၇၀)နှစ်သည် တစ်ရွာတည်းနေ ဦးကျော်လင်းဦး (၄၉)နှစ် တို့သည် ကျေးရွာတောင်ဘက် ၂ ဖာလုံခန့်အကွာရှိ ၎င်းပိုင်လယ်ကွက်သို့ သွားရောက်စဉ် လယ်ကွက်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA

နေပြည်တော် ဇူလိုင် ၄

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) မှသင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်းသိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့ မည်ဖြစ်သည်။

MOI

Kiev သည် စစ်မြေပြင်တွင် အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ဟု ထောက်လှမ်းရေးအကြီးအကဲက ပြောကြား

ရုရှားတပ်များကို ပြန်လည်တွန်းလှန်နိုင်စွမ်း ယူကရိန်းတွင်မရှိကြောင်း ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးဌာန (HUR) အကြီးအကဲ Kirill Budanov က ဝန်ခံခဲ့သည်။ ပဋိပက္ခ၏ အခြေအနေကို အဓိပ္ပာယ်ရှိစွာ ပြောင်းလဲနိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ ညှိနှိုင်းဆွေးနွေးမှုသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မကြာသေးမီက စစ်ဘက်ဆိုင်ရာ ယုတ္တိ အရ နယ်မြေများကို တရားဝင်တောင်းဆိုခြင်းမရှိဘဲ သိမ်းပိုက်ထားရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ သမိုင်းတလျှောက် ရုရှားသည် “ရုရှား စစ်သား၏ခြေလှမ်းရောက်ရှိရာနေရာသည် မိမိတို့၏ပိုင်နက်ဖြစ်သည်” ဆိုသည့် အမျိုးသားအကျိုးစီးပွားကာကွယ်ရေး နိယာမကို အခြေခံ ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ပတ်သက်၍ ယခု သီတင်းပတ် အတွင်း တွေ့ဆုံမေးမြန်းမှုတွင် Budanov က ရုရှားသမ္မတ၏အဆိုမှာ စစ်ရေးဆိုင်ရာ သဘောတရားအရ မှန်ကန်ကြောင်း ပြောကြားခဲ့သည်။

“၎င်းတို့ရောက်ရှိသမျှနေရာတိုင်းကို မိမိတို့ထိန်းချုပ်မည်ဆိုသည်ကို နားမလည်သူ တစ်ဦးမျှ မရှိဟု ထင်ပါသလား ၊ လူတိုင်းသိလိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု Budanov က ပြောကြားခဲ့သည်။ သို့သော် ၎င်းက ယူကရိန်းနိုင်ငံသားများအား စစ်မှုထမ်းခြင်းနှင့် ရုရှားကို တိုက်ခိုက်ရန် တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည်။ 

ထို့အပြင် စစ်မြေပြင်တွင် ကြီးမားသော အပြောင်းအလဲများ မဖြစ်လာ နိုင်ဟု ၎င်းက မျှော်မှန်းခဲ့သည်။ ရုရှားတပ်များသည် တဖြည်းဖြည်း နယ်မြေ ချဲ့ထွင်နေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြီးဆုံးသည်အထိ အရေးပါသော အခြေအနေပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်မဟုတ်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

04 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့်  ကလေးငယ် နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ဦးမြို့နယ်၊ ချောင်းခွကျေးရွာနေ မသဉ္ဇာမော်(၁၄)နှစ်နှင့် မသက်မွန်ချစ်(၉)နှစ်တို့ နှစ်ဦးသည် ကျေးရွာအရှေ့ဘက် ကိုက် ၃၀၀ ခန့်အကွာရှိ ညောင်ပင်အနီး၌ ရှိနေစဉ် အဆိုပါနေရာအနီးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

04 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျိုက်မရောမြို့နယ်၊ ကြာအင်းချောင်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးရဲလွင်(၄၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုများအပေါ် ဒေသခံ ပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရုရှား ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ကိယက်ဗ်တွင် မီးလောင် ကျွမ်း

ယူကရိန်းအရာရှိများက ရုရှားစစ်တပ်သည် သောကြာနေ့ (ဇူလိုင် ၄) နံနက် အစောပိုင်းတွင် မြို့တော်ကို ပစ်မှတ်ထားသည့် ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုခဲ့ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ လတ်တလောတွင် မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုသေးပေ။

ကိယက်ဗ်တွင် ပထမဆုံးတိုက်ခိုက်မှုကို ညသန်းခေါင်ကျော်တွင် စတင် ကြုံတွေ့ခဲ့ရပြီး မြို့တော်ဝန် Vitaly Klitschko က လေကြောင်း ကာကွယ်ရေးစနစ်များမှ တိုက်ခိုက်မှုများကို ဟန့်တားနေစဉ် နေထိုင်သူ များအား ခိုလှုံရန်နေရာများသို့ သွားရောက်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ အရာရှိများက နံနက် ၄ နာရီအထိ ခရိုင်အများအပြားရှိ အများ ပြည်သူ နေထိုင်ရာနေရာမဟုတ်သော အဆောက်အအုံများကို အဓိက ထားကာ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ထိခိုက်သေဆုံးမှုအစီရင်ခံစာများ မထုတ်ပြန်နိုင်သေးသော်လည်း Klitschko က အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒုံးကျည်နှင့် ဒရုန်း အကြွင်း အကျန်များကြောင့် လူနေရပ်ကွက်များနှင့် သီးသန့်ခြံဝင်းများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းလူမှုမီဒီယာများတွင် ဖြန့်ဝေထားသည့် ကြည်လင် ပြတ်သားမှု မရှိသော ဗီဒီယိုများစွာတွင် တိုက်ခိုက်မှုကြောင့် မြို့ရှိ အဆောက်အဦ များမှ မီးတောက်မီးလျှံများ ထွက်ပေါ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်သည်။

မြို့တော်အတွင်း နေရာအနှံ့ထိမှန်ခဲ့ပြီး အနည်းဆုံး ၁၃ နေရာ၌ ထိခိုက်မှု များ ရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသည့် နေရာအတိအကျနှင့် အဆောက်အအုံ အမျိုးအစား များကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ယူကရိန်း အစိုးရသည် သတင်းအချက်အလက်စီးဆင်းမှုကို အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားပြီး အများပြည်သူဆိုင်ရာ အဆောက်အအုံများ ထိခိုက်မှု မရှိပါက တိုက်ခိုက်မှုဆိုင်ရာ မှတ်တမ်းများ မျှဝေသူများကို အရေးယူလေ့ ရှိသောကြောင့် ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်းမပြုသေးပေ။ မော်စကိုအစိုးရသည် ယူကရိန်း၏ စစ်ရေး အခြေခံအဆောက်အအုံများကို ဒရုန်းနှင့်ဒုံးကျည်ပစ်ခတ်မှုများဖြင့် ပုံမှန် တိုက်ခိုက်လျက်ရှိပြီး ၎င်းတို့၏လုပ်ငန်းစဉ်များတွင် အရပ်သားများကို ပစ်မှတ်မထားဟု ငြင်းဆိုကာ လူနေထူထပ်သည့်ဒေသများတွင် လေကြောင်း ကာကွယ်ရေးစနစ်များ တပ်ဆင်ထားမှုအတွက် ကိယက်ဗ်အစိုးရအား အပြစ်ဖို့လေ့ရှိသည်။

အဆိုပါတိုက်ခိုက်မှုသတင်းများ ထွက်ပေါ်လာချိန်သည် သမ္မတပူတင်နှင့် အမေရိကန်သမ္မတထရမ့်တို့ ဖုန်းဆက်ပြောဆိုဆွေးနွေးပြီးခါစ အချိန်ဖြစ်ပြီး ထရမ့်က ယူကရိန်းတွင် “ဖြစ်နိုင်သမျှ အမြန်ဆုံး” စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ရုရှားကို တောင်းဆိုခဲ့သည်ဟု သိရပါသည်။ ပူတင်ကလည်း စေ့စပ်ညှိနှိုင်းဖြေရှင်းမှုအတွက် မော်စကိုဘက်က အဆင်သင့်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သော်လည်း “အကြောင်းရင်းဇစ်မြစ်” ကို မဖြေရှင်း နိုင်သေးသရွေ့ ရုရှားက နောက်ဆုတ်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

ယခုနှစ်အတွင်း အစ္စတန်ဘူလ်တွင် ညှိနှိုင်းမှုများအကြိမ်ကြိမ် လုပ်ဆောင်ခဲ့သော်လည်း ကိယက်ဗ်က ရုရှားနယ်မြေအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး မော်စကိုကလည်း အပြန်အလှန် တုံ့ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်တင် မော်တော်ယာဉ် သုံးစီးအား တားဆီးကာ မော်တော်ယာဉ်ပေါ်၌ တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား အကြမ်းဖက်လုယက်မှုများ လုပ်ဆောင်

04 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ဒေသတွင်း ကုန်စည်ပို့ဆောင်ပေးလျက်ရှိသော မော်တော်ယာဉ်များနှင့် ခရီးသည်တင်မော်တော်ယာဉ်များ တားဆီးကာ ခရီးသွားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၅ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာနေ ဦးဇော်မိုး(၃၅)နှစ် မောင်းနှင်ပြီး မြိတ်မြို့၊ အလယ်ကျွန်း ရပ်ကွက်နေ ကိုကျော်လင်းထွဋ်(၂၇)နှစ် လိုက်ပါလာသည့် 8F/4209 CANTER ခြောက်ဘီး ကုန်တင် မော်တော်ယာဉ်၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်နေ ဦးဇော်လတ်(၄၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးသူရိန်စိုး(၃၅)နှစ် လိုက်ပါလာသည့် 4F/XXXX CANTER ခြောက်ဘီးကုန်တင်မော်တော် ယာဉ်နှင့် မြိတ်မြို့၊ ရှမ်းချောင်းကျေးရွာနေ ကိုစိုးထက်အောင်(၂၈)နှစ် မောင်းနှင်ပြီး တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်နေ ကိုမျိုးအေး(၂၂)နှစ် လိုက်ပါလာသည့် 6N/XXXX DYNA ခြောက်ဘီးကုန်တင် မော်တော်ယာဉ်များသည် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ ဆန်အိတ်နှင့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်၍ မောင်းနှင်ထွက်ခွာလာစဉ် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၁၃ ဦးခန့်(စိစစ်ဆဲ)က မော်တော်ယာဉ်များအား တားဆီးရပ်တန့်ခိုင်းကာ ကုန်တင်မော်တော်ယာဉ် သုံးစီးပေါ်မှ ဆန် ၂၄ ပြည်ဝင်အိတ် ၁၇၉ အိတ်၊ ဆန် ၅ ပြည်ဝင်အိတ် ၂၅ အိတ်နှင့်စားသောက်ကုန်ပစ္စည်းများအား လုယက်ယူဆောင်ကာ လူနှင့် မော်တော်ယာဉ် များအား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ကုန်တင်ယာဉ်များအား အကြမ်းဖက်လုယက်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည် မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ အေးသာယာဘက်မှ ကျောက်ပန်းတောင်းသို့ အောင်ဇော်ဦး(ခ) ဖိုးခက်(၃၆)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသည့် ကြက်စာမှုန့်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃၀၀) ဖမ်းဆီးရမိသဖြင့် အောင်ဇော်ဦး(ခ) ဖိုးခက် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၂)လမ်းအတိုင်း အရှေ့မှ အနောက်သို့ ကိုကိုဝင်း(ခ)သူရဝင်း(၄၁)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၄၀ လမ်းနှင့် ၈၂ လမ်းထောင့်၌ ဆေးပြားများ ရောင်းချပေးသူ မျိုးမင်း(၅၀)နှစ်အား ဆိုင်ကယ် တစ်စီး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။ 

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆေးပြားများ ရောင်းချပေးသူ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ဖြိုးကျော်(၃၁)နှစ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁,၈၄၀)နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်း နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၆၇၅ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ကိုကိုဝင်း(ခ)သူရဝင်း၊ မျိုးမင်းနှင့် ဖြိုးကျော်တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

03 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာနေ ဦးမြင့်အောင်(၅၃)နှစ်သည် သံဆည်ကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ မကြီးစုကျေးရွာသို့ သံဆည်-မကြီးစုကျေးရွာသွား မြေသားကားလမ်းအတိုင်း ဈေးဝယ်ရန် ထွက်ခွာလာစဉ် သံဆည်ကျေးရွာမြောက်ဘက် နှစ်မိုင်ခန့်အကွာ ဒေသအခေါ် “ဦးဌေးဇရပ်” အနီးအရောက်၌ လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။