သတင်းများ

Trump အစိုးရအဖွဲ့က JFK လုပ်ကြံခံရမှုဆိုင်ရာ မှတ်တမ်းများကို ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဒါလပ်စ်မြို့၌ လုပ်ကြံခံခဲ့ရသော အမေရိကန် သမ္မတဟောင်း John F. Kennedy လုပ်ကြံခံရမှုနှင့် သက်ဆိုင်သည့် စာမျက်နှာထောင်ချီပါရှိသည့် အစိုးရမှတ်တမ်းများကို ထုတ်ပြန်လိုက်သည်။

National Archives က မတ်လ ၁၈ ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်၌ စာမျက်နှာ ၆၃,၀၀၀ ခန့်ကို နှစ်ကြိမ်ခွဲ၍ လွှင့်တင်ဖော်ပြခဲ့ပြီး ဒစ်ဂျစ်တယ် စနစ်ပြောင်းပြီးပါက ပိုမိုများပြားသော မှတ်တမ်းများကို ထုတ်ပြန်ရန် မျှော်လင့်ထားသည်။

“သမ္မတ John F. Kennedy လုပ်ကြံခံရမှုဆိုင်ရာ မှတ်တမ်းများထဲတွင် ယခင်က လုံခြုံရေးအဆင့်သတ်မှတ်ချက်အရ ထိန်းချုပ်ထားသော မှတ်တမ်း အားလုံးကို ထုတ်ပြန်လိုက်သည်” ဟု ၎င်းက ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် မကြာမီ ထရမ့်သည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း John F. Kennedy၊ ဆီနိတ်လွှတ်တော်အမတ် Robert F. Kennedy နှင့် အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူ Martin Luther King Jr. တို့ လုပ်ကြံခံခဲ့ရသည့် အစိုးရမှတ်တမ်းများကို လုံခြုံရေးအဆင့်သတ်မှတ်ချက် ပယ်ဖျက်ရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ပြင်သစ်က နျူကလီးယားလက်နက်တပ်ဆင်ထားသော လေယာဉ်များကို ဂျာမနီနယ်စပ်၌ ဖြန့်ကြက်ချထားမည်

ပြင်သစ်သမ္မတ မက်ခရွန်က ဂျာမနီနယ်စပ်တစ်လျှောက်ရှိ ၎င်း၏ အဓိက လေတပ်စခန်းများထဲမှတစ်ခုကို နျူကလီးယား ခရူးဇ်ဒုံးကျည်များ တပ်ဆင်ထားသော Rafale တိုက်လေယာဉ်များ ဖြန့်ကြက်ချထားနိုင်ရန် အဆင့်မြှင့်တင်မည်ဟု မတ်လ ၁၈ ရက်နေ့တွင်ပြောကြားခဲ့သည်။

ပြင်သစ်အရှေ့ပိုင်းရှိ Luxeuil-Saint-Sauveur အခြေစိုက်စခန်းတွင် လေယာဉ်များကို အခြားနေရာသို့မပြောင်းရွှေ့မီ ၂၀၁၁ ခုနှစ်အထိ နျူကလီးယားလက်နက်များကို ဖြန့်ကြက်ချထားခဲ့သည်။

“Luxeuil လေတပ်စခန်းကို အဆင့်မြှင့်တင်ပြီး ပြင်သစ်၏ နျူကလီးယား ဟန့်တားမှုအစီအစဉ်တွင် ၎င်း၏အခန်းကဏ္ဍကို ပြန်လည်ပါဝင်စေမည်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

“၂၀၃၅ ခုနှစ်မတိုင်မီတွင် Luxeuil သည် Rafale တိုက်လေယာဉ် မျိုးဆက်သစ်နှင့် ၎င်း၏ hypersonic နျူကလီးယား ဒုံးကျည်များကို လက်ခံသည့် ပထမဆုံးစခန်း ဖြစ်လာမည်” ဟု သမ္မတက ကြေညာခဲ့သည်။ Rafale တပ်ခွဲနှစ်ခုအား တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ပြီး စခန်းသည် စစ်ဘက်ဆိုင်ရာနှင့်အရပ်ဘက် ဝန်ထမ်းပေါင်း ၂,၀၀၀ နီးပါးအထိ နှစ်ဆ တိုးလာမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရသည် စခန်းကို ခေတ်မီတိုးတက်စေရန်နှင့် Rafale မှာယူမှုများကို အရှိန်မြှင့်ရန် ယူရို ၁.၅ ဘီလီယံ (ဒေါ်လာ ၁.၆၄ ဘီလီယံ) သုံးစွဲမည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများ၊  မော်တော်ယာဉ်များနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင်(ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့ ငါးဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX မော်တော်ယာဉ် တစ်စီး၊ TOYOTA LAND CRUISER မော်တော်ယာဉ် တစ်စီးနှင့် MERCEDES BENZ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ

၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင်(ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့ ငါးဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX မော်တော်ယာဉ် တစ်စီး၊ TOYOTA LAND CRUISER မော်တော်ယာဉ် တစ်စီးနှင့် MERCEDES BENZ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း၏အစီအမံဖြင့် သန်းလွင်မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင်ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) များအား ရန်ကုန်မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို (ခ)ထင်လင်းပြည့်အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့်ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။ 
သတင်းကွင်းဆက်အရ ည ၉ နာရီ ၃၀ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင်လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊  စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါစိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲသူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး ရွှေကောင်းသာစက်လှေပိုင်ရှင် မသီတာမြင့်တို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများလက်ခံ၍ ရွှေကောင်းသာစက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် မူးယစ်ဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာစက်လှေဖြင့် တင်ပို့ခဲ့ကြောင်းနှင့် မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခ)ကိုမျိုးအား မြောက်ဉက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိတ်ပြောင်းဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာစက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင်နှင့် ဇော်ဇော်အောင်တို့အား ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာစက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း။ 
AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး မသီတာမြင့်တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၌ CDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်နေ ဦးဇိန်ထောင်း(၇၀)နှစ်သည် အဆိုပါရပ်ကွက်ရှိ ကျောဘုတ်ဘုန်းကြီးကျောင်းအနီး၌ ရေပိုက်ပြုပြင်နေစဉ် CDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးတင်မောင်(၉၀)နှစ်နှင့် ဒေါ်ပေါ(၈၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ဂါဇာဒေသအား အစ္စရေးမှလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေး

ဂါဇာဒေသအား အစ္စရေးမှလေကြာင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးကို ပြန်လည်ဖော်ဆောင်ရန် အဖွဲ့ဝင်အများစုက တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် အမေရိကန် ကမူ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမရှိပေ။

အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အနည်းဆုံး လူ(၄၀၄)ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြုပြောကြားခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းအရေး အမြဲတမ်းလေ့လာသူ RiyadMansour က “ပါလက်စတိုင်းလူမျိုးများသည် ခွဲခြားမှုမရှိဘဲ လက်လွတ်စပယ် သတ်ဖြတ်ခံရခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပိတ်ဆို့ခံရခြင်း၊ ကိုယ်လက်အင်္ဂါများ ချို့တဲ့စေရန် လုပ်ဆောင်ခံရခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းများကို ခံစားနေရကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားနိုင်ငံ သံတမန်များကလည်း Mansour ၏ ဂါဇာဒေသပစ်ခတ်တိုက်ခိုက်မှုများချက်ချင်းအဆုံးသတ်ရေး တောင်းဆိုချက်ကို ထောက်ခံခဲ့ကြပါသည်။

သို့သော် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dorothy Shea ကမူ ဟားမက်တို့အပေါ် တိုက်ခိုက်မှုကိုသာ ပြစ်တင်ဝေဖန်ခဲ့ပြီး “ဟားမက်တို့သည် အရပ်ဘက်အဆောက်အဦများကို စစ်စခန်းများအဖြစ် ဆက်လက် အသုံးပြုလျက်ရှိသည်ကို လူတိုင်းအသိပင်ဖြစ်ကြောင်းနှင့် ဤသို့သောလုပ်ရပ်မျိုးကို မိမိတို့ အမေရိကန်နိုင်ငံ အနေဖြင့် ရှုတ်ချကြောင်း” ပြောကြားခဲ့ပါသည်။

ဟားမက်စစ်သွေးကြွများက အစ္စရေးဓားစာခံများကို လွှတ်ပေးရန်ကိစ္စကို ငြင်းဆိုခဲ့သောကြောင့် တိုက်ခိုက်ရန် လိုအပ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဟားမက်နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်ဖြစ်သူ Basem Naim က မိမိတို့ဟားမက်အနေဖြင့် အပစ်အခတ်ရပ်စဲမည် မဟုတ်ကြောင်း၊ “မိမိတို့အပေါ် ဖိအားပေးလျှင် ဓားစာခံများကို ပြန်လည်လွှတ်ပေးလိမ့်ဟူသည့် အစ္စရေးနှင့် အမေရိကန်တို့၏ ယုံကြည်မှု သည် လွဲမှားသည့်အယူအဆတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုက်ခိုက်လိုစိတ်မရှိကြောင်း၊ သို့သော်လည်း လိုအပ်ပါက မိမိကိုယ်ကိုခုခံကာကွယ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း” NHK သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ 

အစ္စရေးတပ်ဖွဲ့များ ဂါဇာဒေသမှ အပြီးအပိုင် ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဂါဇာဒေသ ပြန်လည်ထူထောင်ရေး အတွက် ကြားဝင်စေ့စပ်သည့် နိုင်ငံများနှင့် ဆွေးနွေးနိုင်သည့်အချိန်မှသာ ဓားစာခံများအား ပြန်လည်လွှတ်ပေး မည်ဖြစ်ကြောင်း Naim က ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

ဆိုက်ဘာရာဇဝတ်မှုများကို အရှိန်အဟုန်ဖြင့် နှိမ်နင်းပြီးနောက်ထိုင်းနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာကျဆင်း

ဘန်ကောက်   မတ် ၁၈

ဆိုက်ဘာရာဇဝတ်မှုများကို အရှိန်အဟုန်ဖြင့် နှိမ်နင်းလိုက်ပြီးနောက် ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ အစောပိုင်းမှစကာ ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာ ကျဆင်းလာကြောင်း တာဝန်ရှိသူများက မတ် ၁၇ ရက်က ပြောကြားလိုက်သည်။

နယ်စပ်ဒေသများတွင် လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ လောင်စာဆီဖြတ်တောက်ခြင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းအပါအဝင် ထိရောက်သော ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ နှိမ်နင်းမှုများကို ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုဖြစ်ပွားနှုန်း ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဒုတိယဝန်ကြီးချုပ် ပရာဆက်ဂျန်တာရာရွန်းတန်က ပြောကြားလိုက်သည်။

ရာဇဝတ် ပြစ်မှုများတွင် အများဆုံးပါဝင်သော Call center လိမ်လည်မှုပေါင်း ၆၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ပရာဆက်က ပြောကြားခဲ့သည်။

ထိရောက်သော နှိမ်နင်းမှုများမဆောင်ရွက်မီက တစ်နေ့လျှင် ဆိုက်ဘာရာဇဝတ်မှုပေါင်း ၁၀၀၀ ကျော်အထိ တိုင်ကြားခံရကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားလိုက်သည်။

ဖေဖော်ဝါရီလတစ်လတည်းတွင် ဆိုက်ဘာလိမ်လည်မှုများကြောင့် ဘဏ္ဍာငွေဆုံးရှုံးမှုပေါင်း ဘတ်သန်း ၂၀၀ ခန့် ကျဆင်းခဲ့ကြောင်း အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်များကိုတိုက်ဖျက်ရန် သက်ဆိုင်ရာအာဏာပိုင်များ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Source: မြန်မာ့အလင်းသတင်းစာ

စေ့စပ်ညှိနှိုင်းမှုများကို တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဟု အစ္စရေးဝန်ကြီးချုပ်ပြော

မတ်လ ၁၈ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး က လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းသည် ဟားမက်ကြောင့်ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုနောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် Netanyahu က ယင်းကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ဟားမက်သည် အစ္စရေးနိုင်ငံသား ဓားစာခံများကို လွှတ်ပေးရေးအပါအဝင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြောင်း Netanyahu က ပြောသည်။

Netanyahu က ဟားမက်အနေဖြင့် ဓားစာခံများကိုလွှတ်မပေးပါက တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟုဆိုပါသည်။

အစ္စရေးသည် ယခုအချိန်မှစတင်ကာ ဟားမက်နှင့်ပတ်သက်သည့် အရေးကိစ္စများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများကို တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

ကိုးကား-NHK World

ဂါဇာအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချ

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ လူအသေအပျောက် များစေခဲ့သည့် တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တို့ကပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။ ရန်လိုမှုများကို ရပ်တန့်ရန် နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက် အကောင် အထည်ဖော်ရန် အာရပ်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုများရှိနေချိန်တွင် အစ္စရေး၏တိုက်ခိုက်မှုများ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အစ္စရေး၏လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင် ဒေသ၌ အနည်းဆုံးလူ (၃၂၆) ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက မတ်လ ၁၈ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

အစ္စရေး၏တိုက်ခိုက်မှုများနှင့်အတူ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးရန် ကြိုးပမ်းမှုများအားလုံး ပျက်ပြယ်သွားခဲ့ရကြောင်းလည်း သိရပါသည်။ ဂါဇာ ကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးသည် လွန်ခဲ့သော ဇန်နဝါရီလ ၁၉ ရက်က စတင်အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အစ္စရေး၏တိုက်ခိုက်မှုများသည် ဒေသအတွင်းတည်ငြိမ်ရေးအတွက် ဆိုးရွားသည့်အကျိုးဆက်များကို ယူဆောင်လာစေမည့် လုပ်ရပ်များပင်ဖြစ်သည်” ဟု ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News

ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် အကြောင်းသိလာသော ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှု အထိဖြစ်လာနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။

PDF အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ထားဝယ်မြို့နယ် အတွင်း‌ ကျေးရွာများမှ ဒေသခံများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အတွက် ဒေသခံများနှင့် PDF လက်နက်ကိုင်တို့အကြား တင်းမာမှုများ ရှိလာ နေကြောင်း အဆိုပါဒေသခံကဆိုသည်။ လက်ရှိတွင် နယ်မြေ မငြိမ်မသက် မှုများကြောင့် ဒေသခံသောင်းနှင့်ချီကာ ထားဝယ်မြို့ပေါ်သို့နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်နေရကြောင်း သိရသည်။

“အဓိကတော့ ရွာသားတွေလည်း တော်တော်လေးသိလာကြပြီ ဖြစ်ကြောင်း၊ PDF လက်နက်ကိုင်များပေါ်လာသည့် အခါကျတော့မှ နေစရာမရှိ၊ စားစရာ မရှိ ဖြစ်ရကြောင်း၊ နောက်တစ်ချက်က PDF တွေက ရန်တောင်ရွာက ရွာသားများကိုမကျေနပ်ဟုဆိုပြီး ရန်တောင်ရွာမှာ စစ်ကြောင်း ရောက်နေ ချိန်မှာ Drop ဗုံးလာချကြောင်း၊ အဲဒီမှာ ရွာသားများက ၎င်းတို့အား ပြောသည်မှာ “မင်းတို့ကောင်တွေ နန့်နန့် လာလုပ်နေသောကြောင့် စစ်ကြောင်းလာထိုးရင် တိုက်ပွဲဖြစ်ပြီး ရွာပျောက်မည်” ဟု ပြောကြား သည်ကို PDF များက ဘာပြောလဲဆိုပါက “ငါတို့ရွာတောင် ပြေးနေ ရကြောင်း၊ မင်းတို့ရွာတွေက မပြေးရတော့ မကျေနပ်ကြောင်း၊ မင်းတို့ ရွာလည်း မပြေး ပြေးရအောင် PDF တို့က လုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွာသားတွေလည်း  PDF တွေကို မကျေနပ်တော့ကြကြောင်း” အဆိုပါဒေသခံက ပြောသည်။

ထို့အပြင် ဒေသခံထောက်ခံမှုအားနည်းလာသည့် ထားဝယ်ဒေသရှိ PDF လက်နက်ကိုင်များသည် လက်ရှိကာလတွင် အနေအစားကျပ်တည်း ခက်ခဲလာပြီဖြစ်ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။

“အရင်တုန်းကထောက်ခံသည့် ရွာသားတွေလည်းမထောက်ခံတော့ဘူး။ မြင်နေရတာလည်းရှိတယ်။ လိုင်းပေါ်မှာထောက်ပို့အကြီးစားကြီး တစ်ယောက် တောင်မှ ဆီအုန်းတောထဲမှာထအော်နေပြီ။ ဘယ်သူမှမထောက်ပံ့တော့ဘူးဆိုပြီး။ စီးပွားရေးဘက်လိုက်သည့်ကောင်တွေကတော့ အဆင်ပြေ တာပေါ့။ အဲဒီဘက်မလိုက်သည့်ကောင်တွေကတော့ ကျပ်တည်းတာပေါ့။ နောက်ပိုင်း စားခွက်ပျောက်သည့်အနေအထားထိဖြစ်လာလိမ့်မယ်" ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ထားဝယ်ဒေသတွင် ကော်လဖိုးဦး ဦးဆောင်သည့် KNU တပ်မဟာ (၄) ခွဲထွက်အဖွဲ့အပါ အဝင် PDF အဖွဲ့ပေါင်း (၂၀) ထက်မနည်းရှိနေပြီး နိုင်ငံတော်ပိုင် သဘာဝတွင်းထွက်များကို လက်ဝါးကြီးအုပ်ကာ စီးပွားရှာ နေသောအဖွဲ့များလည်း များစွာရှိနေကြောင်းသိရသည်။