ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်း စတင်ဖွင့်လှစ်

News Image

  • ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်း စတင်ဖွင့်လှစ်

ဟနွိုင်း  ဒီဇင်ဘာ ၂၂

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်းကို ယနေ့စတင်ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ မြေအောက်ရထားလမ်း၏ အကျိုးကျေးဇူးကြောင့် ဟိုချီမင်းမြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို ပိုမိုသက်သာစေမည်ဖြစ်သည်။ ကီလိုမီတာ ၂၀ (၁၂ မိုင်) အရှည်ရှိ မြေအောက်ရထားလမ်းသည် မြို့လယ်နှင့် ၎င်း၏ ဆင်ခြေဖုံးများကို ချိတ်ဆက်ပေးထားကြောင်း သိရသည်။

မြေအောက်ရထားလမ်း စီမံကိန်းသည် ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ နည်းပညာပေါင်းစပ်မှုနှင့် ၎င်း၏ စီမံခန့်ခွဲမှုပုံစံ အောင်မြင်ကြောင်း ပြသခြင်းပင်ဖြစ်သည်ဟု ဗီယက်နမ်အရာရှိတစ်ဦးက ပြောကြားသည်။

ပထမ ရထားထွက်ချိန်တွင် ပြည်သူအများအပြားသည် မြေအောက်ရထားတွဲဆိုင်းများအတွင်း၌ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး အီတိုနာယိုကီက ရထားလမ်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအသစ်တစ်ခုဖြစ်ကြောင်း ပြောသည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည် အဆိုပါ မြေအောက်ရထားစီမံကိန်းအတွက် ချေးငွေများထုတ်ပေးခဲ့ပြီး ဂျပန်ကုမ္ပဏီအများအပြားကလည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ