တေးသံရှင် ရွှေထူး၏ တံခါးဖွင့်ထားပါတယ် တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ Transporter Bar တွင် ပြုလုပ်သွားမည်ဖြစ်
ရန်ကုန် ဇူလိုင် ၃
တေးသံရှင် ရွှေထူး၏ တံခါးဖွင့်ထားပါတယ် တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ Transporter Bar ၌ ဇူလိုင် ၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် ရွှေထူးထံမှ သိရသည်။
အဆိုပါ တေးသံရှင် ရွှေထူး၏ တစ်ကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲတွင် Transporter Music Band တေးဂီတအဖွဲ့က အကောင်းဆုံး ပံ့ပိုးကူညီ တီးခတ်ပေးသွားမည်ဖြစ်သည့်အပြင် Transporter Music Band ၏ ပင်တိုင်တေးသံရှင်များက အားဖြည့်ကူညီသီဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“Transporter Bar မှာ လာမဲ့ ဇူလိုင် ၆ ရက်ညမှာ ရှိနေပါမယ်။ ကျွန်တော့်ရဲ့ သီဆိုမှုတွေအပြင် Transporter ရဲ့ စင်မြင့်ထက်မှာ Transporter Music Band နဲ့ ပင်တိုင် Vocals တွေကလဲ အကောင်းဆုံး တီးခတ်သီဆိုသွားမှာဖြစ်ပါတယ်။ မီးရောင်စုံတွေအောက်မှာ အတူတူဒွန့်ဖို့အတွက်လဲ DJ Artists တွေက အကြမ်းဆုံး Beats တွေနဲ့ စောင့်နေပြီဆိုတော့ အပြတ်လန်းမဲ့ ဇူလိုင် ၆ ရက်ညကို ဖိတ်ခေါ်ပါတယ်” ဟု တေးသံရှင် ရွှေထူး ကပြောပြသည်။
တေးသံရှင် ရွှေထူး၏ တံခါးဖွင့်ထားပါတယ် တစ်ကိုယ်တော်တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ Transporter Bar ၌ ဇူလိုင် ၆ ရက် ၇နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ