တရုတ်ရေတပ်မှ ရှန်တုန်းလေယာဉ်တင်သင်္ဘော ဟောင်ကောင်သို့ ပထမဆုံးအကြိမ်ရောက်ရှိ

News Image

  • တရုတ်ရေတပ်မှ ရှန်တုန်းလေယာဉ်တင်သင်္ဘော ဟောင်ကောင်သို့ ပထမဆုံးအကြိမ်ရောက်ရှိ

ပေကျင်း ဇူလိုင် ၃ 
တရုတ်ရေတပ်မှ ရှန်တုန်း လေယာဉ်တင်သင်္ဘောသည်ယနေ့တွင် ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရေပြင်အတွင်းသို့ ဝင်ရောက်လာပြီဖြစ် ကြောင်း သိရသည်။

ရှန်တုန်း လေယာဉ်တင်သင်္ဘောသည် ဟောင်ကောင်ဒေသသို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး ဟောင်ကောင် ဆိပ်ကမ်း၌ ငါးရက်ကြာ ဆိုက်ကပ် ထားမည်ဖြစ်သည်။

ရှန်တုန်း လေယာဉ်တင် သင်္ဘော၏ ဟောင်ကောင်ခရီးစဉ်တွင် ဒုံးကျည်တင် ဖျက်သင်္ဘောများ အပါအဝင် တရုတ်ရေတပ်မှ စစ်သင်္ဘောသုံးစီးလည်း လိုက်ပါ လာကြောင်း သိရသည်။

တရုတ် အချုပ်အခြာအောက် ဟောင်ကောင်ဒေသ ပြန်လည်ရောက်ရှိမှု ၂၈ နှစ်ပြည့် အခမ်းအနားများ ကျင်းပခဲ့ပြီး မကြာမီမှာပင် ရှန်တုန်းလေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တရုတ်ရေတပ် အုပ်စု ဟောင်ကောင်ဒေသသို့ ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်ရေတပ်၏ ပထမဆုံး လေယာဉ်တင် သင်္ဘောဖြစ်သည့် လျောင်နင်းလေယာဉ်တင်သင်္ဘောသည် ၂ဝ၁၇ ခုနှစ်တွင် ဟောင်ကောင်သို့ သွားရောက်ခဲ့ဖူးသည်။

ရှန်တုန်း လေယာဉ်တင်သင်္ဘောသည် တရုတ်ရေတပ်၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ပြည်တွင်းမှာပင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Ref: Xinhua
Trs: KKO

YDNB Newspaper

Photo - CNA