အမေရိကန်၌ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ခုနစ်ဦးပျောက်ဆုံး

News Image

  • အမေရိကန်၌ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ခုနစ်ဦးပျောက်ဆုံး

နယူးယောက် ဇူလိုင် ၃

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆက်ကရာမင်တိုမြို့အနီး၌ မီးရှူးမီးပန်းစက်ရုံ တစ်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ခုနစ်ဦး ပျောက်ဆုံးနေကြောင်း အမေရိကန် မီဒီယာများက ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်ကရာမင်တိုမြို့နှင့် မိုင် ၄ဝ ခန့်အကွာတွင် တည်ရှိသည့် အဆိုပါ မီးရှူးမီးပန်းစက်ရုံသည် ဇူလိုင် ၁ ရက်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုလည်း ဖြစ်ပွားခဲ့ရာ စက်ရုံတစ်ရုံလည်း ပျက်စီးခဲ့ရကြောင်း ကယ်လီဖိုးနီးယား မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမီးလောင်မှုကြောင့် လူနှစ်ဦး ဒဏ်ရာများရခဲ့ပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း ဆက်ကရာမင်တို ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲ မီးလောင်မှုသည် အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားများ မကျင်းပမီ သုံးရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၄ ရက်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper