အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ရေရှည် ဖြေရှင်းရေး၏ ပထမအဆင့်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ပြဋ္ဌာန်း ပေးရန် ပြင်သစ်သမ္မတ အီမန်နျူယယ် မာခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ခ်ျ မာ့ဇ်တို့၏ တောင်းဆိုမှုများကို ပယ်ချ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ရေရှည် ဖြေရှင်းရေး၏ ပထမအဆင့်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ပြဋ္ဌာန်း ပေးရန် ပြင်သစ်သမ္မတ အီမန်နျူယယ် မာခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ခ်ျ မာ့ဇ်တို့၏ တောင်းဆိုမှုများကို ပယ်ချခဲ့ပါသည်။
အိမ်ဖြူတော်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဂျာမနီဝန်ကြီးချုပ် မာ့ဇ်က နောင်လာမည့်အစည်းအဝေးများတွင် အပစ်အခတ်ရပ်စဲရေးကို အတည် ပြုရမည်ဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။
"ရိုးရိုးသားသားပြောရပါက နောက်ကျင်းပမည့် အစည်းအဝေးမှာဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးကို မိမိတို့အားလုံး မြင်ချင်ပါသည်" ဟု တနင်္လာနေ့ (ဩဂုတ် ၁၈) က အိမ်ဖြူတော်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဂျာမနီ ဝန်ကြီးချုပ် မာ့ဇ်က ပြင်သစ်၊ အီတလီ၊ ယူကေ၊ ဖင်လန်၊ အမေရိကန်နှင့် ယူကရိန်းခေါင်းဆောင်များအပြင် NATO နှင့် ဥရောပသမဂ္ဂဥက္ကဋ္ဌ အင်ဆူလာ ဗွန်ဒါ လိုင်ယန်တို့ကို ပြောကြားခဲ့ပါသည်။
ထို့ပြင် ၎င်းက အပစ်အခတ်ရပ်စဲရေးမပါဘဲ သုံးနိုင်ငံအစည်းအဝေးတစ်ခု ဖြစ်မြောက်လာလိမ့်မည်ဟု "မထင်ကြောင်း" လည်း ထပ်လောင်း ပြောကြား ခဲ့ပါသည်။
ပြင်သစ် သမ္မတ မာခရွန်ကလည်း မာ့ဇ်၏ မှတ်ချက်များကို ထောက်ခံ ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသည် "လိုအပ်ချက်" ဖြစ်ကြောင်းနှင့် ခေါင်းဆောင် အားလုံးက "ထိုအကြံကို ထောက်ခံသည်" ဟု ပြောကြားခဲ့ပါသည်။
သို့သော် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ထိုအကြံပြုချက်များကို ပယ်ချခဲ့ပါသည်။ ဆွေးနွေးပွဲများအတွင်း ၎င်း၏ သမ္မတသက်တမ်း ရှစ်လ အတွင်း ပဋိပက္ခများစွာကို ဖြေရှင်းခဲ့ပြီး ထိုအပစ်အခတ်ရပ်စဲရေးများသည်မည်သည့်ပဋိပက္ခကိုမှ အပစ်အခတ်ရပ်စဲခြင်းမျိုးဖြင့် စတင်ခဲ့ခြင်းမရှိကြောင်း အကြိမ်ကြိမ် အလေးထားပြောကြားခဲ့ပါသည်။
"မိမိတို့အားလုံးသည် ရေရှည်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေစဉ်မှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို ပိုလိုလားသည်မှာ အမှန်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်လာနိုင်ပါကြောင်း၊ ယခုအချိန်အထိတော့ မဖြစ်သေးကြောင်း" သမ္မတထရမ့်က ပြောကြားခဲ့ပါသည်။
"မိမိ ဖြေရှင်းခဲ့သည့် စစ်ပွဲခြောက်ခုတွင် အပစ်အခတ်ရပ်စဲရေး မလုပ်ခဲ့ ရကြောင်း၊ မိမိတို့ ဆွေးနွေးမှုတွေပဲ လုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကွန်ဂိုမှာ ဖြစ်သည့် စစ်ပွဲများအနက် တစ်ခုက ၃၁ နှစ်ကြာခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အပတ်က ပြီးသွားသည့် ကြီးကျယ်သည့် နိုင်ငံနှစ်ခုကြားက စစ်ပွဲတစ်ခု ကတော့ ၃၅ နှစ်ကြာခဲ့ပါကြောင်း" ၎င်းက ပြောကြားခဲ့ပါသည်။
"အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ပါက ပိုမိုကောင်းမွန်သော်လည်း မလုပ် နိုင်လျှင် မိမိတို့ဆီမှာ ပေးထားသည့် တခြားအချက်များ နှင့် ကောင်းသည့် အချက်တွေ အများကြီးရှိပါသည်" ဟု ထရမ့်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။
ပြီးခဲ့သည့်အပတ်က အလက်စကာထိပ်သီးအစည်းအဝေး အပြီးတွင် သမ္မတ ထရမ့်က အပစ်အခတ်ရပ်စဲရေးထက် ရေရှည်ငြိမ်းချမ်းရေး သဘော တူညီချက်ကို ပိုနှစ်သက်ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားကလည်း ယူကရိန်းဘက်မှ စစ်ရေးပြန်လည်စုစည်းပြီး လက်နက်ဖြည့်တင်းရန် အခွင့်ကောင်းယူနိုင်ကြောင်း ပြောကြားကာ ရေတိုအပစ်အခတ်ရပ်စဲရေး များကို အမြဲတစေ ဆန့်ကျင်ခဲ့ပါသည်။
ကိုးကား - RT