ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆို
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ၄၀ မိနစ်ခန့်ကြာ တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆို ခဲ့ကြောင်း ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတထရမ့်သည် ဇီလန်စကီးနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အသိပေးခဲ့ကြောင်း ယူရီ အူရှာကော့ဗ်က ပြောသည်။
ထို့အပြင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့သည် ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များအကြား တိုက်ရိုက် ဆွေးနွေးမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့ကြပါသည်။
ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ယူရီအူရှာကော့ဗ်၏ ပြောကြားချက် အရ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ရုရှားနှင့် ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲများတွင် ကိုယ်စားလှယ် အဖွဲ့များ၏ အဆင့်ကို မြှင့်တင်ရန် အကြံပြုချက်ကိုလည်း ဆွေးနွေးခဲ့ ကြပါသည်။
အလက်စကာ ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ရရှိခဲ့သော တိုးတက်မှုများအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - tass