အိမ်ဖြူတော်တွေ့ဆုံမှုတွင် ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဇီလန်စကီး က ဟာသလုပ်
ဇီလန်စကီးသည် သတင်းထောက်တစ်ဦးက ၎င်း၏ဝတ်စားဆင်ယင်မှုကို ချီးကျူးပြောဆိုခဲ့ရာတွင် ယူကရိန်းသမ္မတက ၎င်းကအဝတ်အစား လဲထားပြီး သတင်းထောက်ကမူ ယခင်အတိုင်းသာ ဝတ်ဆင်ထားကြောင်း ဟာသ သဘောဖြင့် ပြန်လည်မှတ်ချက်ပေးခဲ့သည်။ အဆိုပါ သတင်းထောက် သည် ဖေဖော်ဝါရီလက ဇီလန်စကီး အိမ်ဖြူတော်သို့လာရောက်စဉ် ၎င်း၏ ဝတ်စားဆင်ယင်မှုကို ဝေဖန်ခဲ့သူဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့်ကလည်း Glenn ၏ ချီးကျူးစကားကို ထောက်ခံ ပြောဆိုကာ ၎င်းကိုယ်တိုင်လည်း ဇီလန်စကီးအား အလားတူ ချီးမွမ်းခဲ့ ဖူးကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သမ္မတက ယူကရိန်း သမ္မတ အား " ယခင်တွေ့ဆုံစဉ်က သင့်ကိုဝေဖန်ခဲ့သည့်သူပါ" ဟု သတိပေးခဲ့ သည်။ "မိမိမှတ်မိပါသည်။ ၎င်းက အရင်အတိုင်း အဝတ်အစား ဝတ်ထား တုန်းပဲ၊ မိမိကတော့ အဝတ်အစားလဲပြီးသွားပြီ၊ သို့သော် သင်ကတော့ မလဲသေးဘူး" ဟု ယူကရိန်းသမ္မတက အမေရိကန်သတင်းထောက်အား ဟာသသဘောဖြင့် ပြန်လည်ပြောဆိုခဲ့သည်။
ယခုအကြိမ် အိမ်ဖြူတော်သို့ လာရောက်ချိန်တွင် ဇီလန်စကီးသည် ယခင် ကဲ့သို့ စစ်ဘက်ဆန်ဆန် ဝတ်စုံများအစား ပိုမိုတရားဝင်သော ဝတ်စုံ တစ်စုံကို ရွေးချယ်ဝတ်ဆင်လာခဲ့သော်လည်း လည်စီးမပါဘဲ ရိုးရိုး ဝတ်စုံ ဖြင့်သာ တက်ရောက်ခဲ့သည်။
ဥရောပအရာရှိတစ်ဦးက ယခင်က ဇီလန်စကီး၏ ဝတ်စား ဆင်ယင်မှု သည် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုမတိုင်မီက အမေရိကန်နှင့် ယူကရိန်း အရာရှိများကြား ဆွေးနွေးခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။ ထရမ့်အစိုးရအဖွဲ့က ဇီလန်စကီးအား ၎င်း၏ ပုံမှန် စစ်ဘက် ဆန်သော ဝတ်စုံများကို ဝတ်ဆင်မလာသင့်ကြောင်း အကြံပြုခဲ့သည်ဟု သိရသည်။
ဇီလန်စကီး၏ ဝတ်စားဆင်ယင်မှုသည် ဖေဖော်ဝါရီလက ထရမ့်နှင့် တွေ့ဆုံစဉ်က အဓိကဝေဖန်မှုခံခဲ့ရသည့် အချက်တစ်ခုဖြစ်ခဲ့သည်။ ယူကရိန်း ခေါင်းဆောင်အား အိမ်ဖြူတော်တွင် ကြိုဆိုစဉ် ထရမ့်က "၎င်းက ဝတ်စုံအပြည့်အစုံနှင့် လာခဲ့သည်" ဟု သရော်သကဲ့သို့ ပြောဆို ခဲ့ဖူးသည်။ ထို့နောက် Oval Office အတွင်း ခေါင်းဆောင်နှစ်ဦးအကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး တွေ့ဆုံမှုသည် တင်းမာမှုများဖြင့် ပြီးဆုံး သွားခဲ့ရသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂