ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးအတွက် ပြင်ဆင်မှုများ စတင် နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတ ပူတင်ထံ ဖုန်းခေါ်ဆို၍ ပြောဆို

News Image

  • ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးအတွက် ပြင်ဆင်မှုများ စတင် နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတ ပူတင်ထံ ဖုန်းခေါ်ဆို၍ ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား တွေ့ဆုံပွဲ တစ်ခု အတွက် “စီစဉ်မှုများ စတင်ရန်” သမ္မတ ပူတင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

​ဇီလန်စကီးအပါအဝင် ဥရောပခေါင်းဆောင်များနှင့် ယနေ့ပြုလုပ်ခဲ့သော တွေ့ဆုံမှုသည် “အလွန်ကောင်းမွန်သည်” ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ၎င်းတို့သည် “သုံးပွင့်ဆိုင် တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်သွားမည်” ဟု ထပ်လောင်း ပြောကြားခဲ့ ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း၏ လုံခြုံရေး အာမခံချက် များကို အမေရိကန်နှင့် ညှိနှိုင်း၍ ဥရောပနိုင်ငံများက ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များပေးအပ်ရန်အတွက် ဥရောပနိုင်ငံများနှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်သည် ယူကရိန်း၏ လုံခြုံရေး ကို မည်သူက အာမခံမည်နည်းဟူသော အစောပိုင်းက မေးခွန်းအပေါ် ရှင်းလင်းမှုပေးခဲ့ပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo Crd to RNZ