အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် စကားပြောဆိုရန်အတွက် ဥရောပခေါင်းဆောင်များနှင့် ဆွေးနွေးမှု ကို ခေတ္တရပ်ဆိုင်း

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် စကားပြောဆိုရန်အတွက် ဥရောပခေါင်းဆောင်များနှင့် ဆွေးနွေးမှု ကို ခေတ္တရပ်ဆိုင်း

အမေရိကန်သမ္မတသည် ဗလာဒီမာဇီလန်စကီးနှင့် အနောက်ဥရောပကို ထောက်ခံသူများနှင့် ဖြစ်နိုင်ခြေရှိသော နယ်မြေအလဲအလှယ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနေခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် ၎င်းကို ထောက်ခံသော အနောက်ဥရောပ ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုကို ခေတ္တရပ်ဆိုင်းပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း မီဒီယာများစွာက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်သောကြာနေ့ (ဩဂုတ် ၁၅) က အလက်စကာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သမိုင်းဝင်ထိပ်သီးအစည်းအဝေးအပြီးတွင် ဇီလန်စကီး၊ ပြင်သစ်၊ ယူကေ၊ အီတလီ၊ ပိုလန်၊ ဖင်လန်ခေါင်းဆောင်များ၊ NATO နှင့် ဥရောပ ကော်မရှင် တို့နှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို လက်ခံကျင်းပနေခဲ့ပါသည်။ ထို ဆွေးနွေးပွဲများသည် ရုရှားနှင့် ယူကရိန်းတို့အတွက် နယ်မြေ အလဲအလှယ် များနှင့် လုံခြုံရေးအာမခံချက်များအပေါ် အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရပါသည်။

Bild သတင်းဌာန၏ အယ်ဒီတာချုပ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် တနင်္လာနေ့(ဩဂုတ်) က အိမ်ဖြူတော်တွင် ပြုလုပ်သော ဆွေးနွေးမှု များကို ရုရှားသမ္မတနှင့် ဆက်သွယ်ရန်အတွက် ရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြ ခဲ့ပါသည်။

ယနေ့အစည်းအဝေးများ မစတင်မီ ရုရှားသမ္မတနှင့် ဆက်သွယ်မည့် အလားအလာနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာများကို “မိမိတို့ ဒီအစည်းအဝေး ပြီးသည်နှင့် ဗလာဒီမာ ပူတင်က မိမိ၏ဖုန်းကို မျှော်လင့်နေကြောင်း” ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲများ ခေတ္တရပ်ဆိုင်းခြင်းနှင့် ရုရှားသို့ ဖုန်းခေါ်ဆိုခြင်းဆိုင်ရာ သတင်းများမှာ ရုရှားနိုင်ငံ၏ မြို့တော်စံတော်ချိန် သန်းခေါင်ယံ သို့မဟုတ် ဝါရှင်တန်စံတော်ချိန် ညနေ ၅ နာရီဝန်းကျင်တွင် ထွက်ပေါ်ခဲ့ပါသည်။

ကိုးကား - RT