ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံ ပို့လွှတ်ပေးမှုစနစ်ကို လာမည့် ဇန်နဝါရီ ၁ ရက်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ပြောကြား
ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်း၏ တစ်ဆင့်ခံ transit ပို့လွှတ်မှုစနစ်ကို ၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက်တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၊ ဥရောပကော်မရှင်၏ တောင်းဆိုချက်အရ ရုရှားဓာတ်ငွေ့များမှလွဲ၍ ကျန်သည့်ဓာတ်ငွေ့ပို့ဆောင်ရေးများအတွက် ယူကရိန်းတစ်ဆင့်ခံ ဓာတ်ငွေ့ပို့ဆောင်ရေး စနစ်များကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ယူကရိန်း ဝန်ကြီးချုပ်က ပြောကြားလိုက်ပါသည်။
ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်းတစ်ဆင့်ခံ transit ဓာတ်ငွေ့ပို့လွှတ်မှုစနစ် လုပ်ကိုင်ရန် ၂၀၁၉ ဇန်ဝါရီ ၁ ရက်တွင် ၅ နှစ်သက်တမ်းရှိ သဘောတူ စာချုပ်ကို ရုရှားနှင့် ယူကရိန်းကြား နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ လာမည့်၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက် ဒေသစံတော်ချိန် ၀၇:၀၀ နာရီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ရုရှား၏ဓာတ်ငွေ့ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံပို့လွှတ်မှုစနစ်ကို ယူကရိန်းက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား - TASS