တစ်နာရီမိုင် ၂၅၀ နှုန်းကို ၁၉ ဒသမ ၂ စက္ကန့်အတွင်း အရှိန်တင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးကား

News Image

  • တစ်နာရီမိုင် ၂၅၀ နှုန်းကို ၁၉ ဒသမ ၂ စက္ကန့်အတွင်း အရှိန်တင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးကား

Koenigsegg ဆိုတဲ့ မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီက သူတို့ရဲ့နောက်ဆုံးထုတ် ပြိုင်ကားအမျိုးအစားနဲ့အတူ ကမ္ဘာ့စံချိန်အသစ်ကို တင်လိုက်နိုင်တာ တွေ့ရပါတယ်။

အဲဒီပြိုင်ကားအမျိုးအစားက Jesko Absolut ပါ။ ဒီပြိုင်ကားက အရှိန်နှုန်း သုည ကနေ မိုင် ၂၅၀ အထိကို ၁၉ ဒသမ ၂ စက္ကန့် အတွင်း  အရှိန်တင်နိုင်တာဖြစ်ပါတယ်။

သုညကနေ မိုင် ၂၅၀၊ မိုင် ၂၅၀ ကနေ သုည အထိ အရှိန်တင်၊ အရှိန်လျှော့ခြင်းကို ၂၈ ဒသမ ၂၇ စက္ကန့်အတွင်း လုပ်ဆောင်နိုင်တာပါ။

ဒီနှုန်းထားဟာ Regera ကားကတင်ထားတဲ့စံချိန်ထက် ၁ ဒသမ ၃၃ စက္ကန့် ပိုမြန်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် Jesko Absolut ဟာ တစ်နာရီ မိုင် ၄၀၀ အထိကို အရှိန်တင်၊ အရှိန်လျှော့ခြင်းမှာလည်း ၂၇ ဒသမ ၈၃ စက္ကန့်သာ ရှိတယ်လို့ သိရပါတယ်။      

Source: Myawady Web Portal