၅၂၃ မိုင်အထိစံချိန်တင်လိုက်တဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ဝေဟင်တက္ကစီ

News Image

  • ၅၂၃ မိုင်အထိစံချိန်တင်လိုက်တဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ဝေဟင်တက္ကစီ

လေကြောင်းနည်းပညာမှာ သန့်ရှင်းစွမ်းအင်ကို အသုံးပြုမှုက တဖြည်းဖြည်းနဲ့မြင့်မားလာတာနဲ့အမျှ    လေကြောင်း ကုမ္ပဏီတွေကလည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို   တိုးမြှင့်အသုံးပြုလာနိုင်ဖို့ကြိုးစားလာကြပါတယ်။

ဒီအချိန်မှာ ဂျိုဘီလေကြောင်းကုမ္ပဏီက ဟိုက်ဒရိုဂျင်နဲ့ လျှပ်စစ်စွမ်းအင်အသုံးပြုတဲ့ ဝေဟင်တက္ကစီတစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ထားတာရှိပါတယ်။ သူ့ရဲ့ အောင်မြင်မှုကလည်း တကယ့်ကိုအံ့မခန်းပါပဲ။

သူတို့ကုမ္ပဏီရဲ့လက်တွေ့စမ်းသပ်မှုတစ်ခုမှာ  အဲဒီဝေဟင်တက္ကစီက မရပ်မနားပျံသန်းမှုကို အောင်မြင်စွာလုပ်နိုင်တယ်လို့ဆိုပါတယ်။   အဲဒီလိုစမ်းသပ်ပျံသန်းမှုမှာ ဝေဟင်တက္ကစီက မိုင်ပေါင်း ၅၂၃ မိုင်အထိ အောင်မြင်စွာပျံသန်းလိုက်နိုင်တာကိုတွေ့ရပါတယ်။

ဒီလိုပျံသန်းစဉ်မှာလည်း      ဝေဟင်တက္ကစီကနေ ထုတ်ပေးလိုက်တဲ့အရာက ရေသာဖြစ်တာကြောင့်   ပတ်ဝန်းကျင်ကို လွန်စွာအကျိုးဖြစ်ထွန်းစေပါတယ်။

သမားရိုးကျအားဖြင့် လောင်စာဆီကိုသာအသုံးပြုနေရတဲ့ လေယာဉ်တွေမှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးနည်းပညာကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေမှုရှိစေနိုင်တဲ့အတွက်   နိုင်ငံဖြတ်ကျော်လေယာဉ်ကြီးများအထိ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။

Source: Myawady Web Portal