အဇာဘိုင်ဂျန်မှ လေယာဉ်တစ်စင်း ကာဇက်စတန်၌ ပျက်ကျ
အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဒီဇင် ဘာလ ၂၅ ရက် အစောပိုင်းတွင် ကာဇက်စတန်နိုင်ငံ၌ ပျက်ကျမှုဖြစ်ပွားကြောင်း သိရသည်။
လေယာဉ်အမှုထမ်းငါးဦးနှင့် ခရီးသည် ၆၂ ဦးကိုတင်ဆောင်ပြီး ဘာကူမြို့မှ ရုရှားနိုင်ငံ ဂရော့ဇနီမြို့သို့ ပျံသန်းလာသည့် ထိုလေယာဉ်သည် ကာဇက်စတန်နိုင်ငံ အက်တာအူလေဆိပ်မှ သုံးကီလိုမီတာအကွာ၌ ပျက်ကျခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းမှာ လေယာဉ်သည် ငှက်အုပ်တစ်အုပ်နှင့် ဝင်တိုက်မိခြင်းကြောင့် ဖြစ်သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။ ထို့ပြင် လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ ၃၂ ဦးကိုသာ တွေ့ရှိရသေးကြောင်းနှင့် ကျန်သူများမှာ သေဆုံးနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဇာဘိုင်ဂျန်ရှေ့နေချုပ်ရုံးက ပြစ်မှုဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal