ဆွစ်နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဩစတြီးယား၌ အရေးပေါ် ဆင်းသက်ခဲ့ရ

News Image

  • ဆွစ်နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဩစတြီးယား၌ အရေးပေါ် ဆင်းသက်ခဲ့ရ

ဇူးရစ်   ဒီဇင်ဘာ ၂၄

ဆွစ်နိုင်ငံတကာလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့မှ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ ပျံသန်းနေစဉ် ဩစတြီးယားနိုင်ငံ ဂရက်ဇ်မြို့လေဆိပ်၌ ယနေ့တွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ပျံသန်းနေစဉ် အင်ဂျင်ပြဿနာတစ်ရပ်ပေါ်ထွက်လာပြီး လေယာဉ်မောင်းခန်း၌ မီးခိုးများအူလာမှုကြောင့် ယင်းလေယာဉ်အနေဖြင့် ဂရက်ဇ်မြို့လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း ဆွစ်နိုင်ငံတကာလေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။

အဲဘတ်စ်အေ ၂၂၀-၃၀၀ အမျိုးအစား အဆိုပါခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည် ၇၄၁ ဦးလိုက်ပါလာကြောင်း သိရသည်။

အရေးပေါ် ဆင်းသက်စဉ်အတွင်း လိုက်ပါလာသည့် ခရီးသည်များအနက် ၁၂ ဦးမှာ ဒဏ်ရာများရခဲ့ကြောင်း သိရသည်။

သို့ရာတွင် လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ခရီးသည်အားလုံးကို ဘေးကင်းရာသို့ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း ဆွစ်နိုင်ငံတကာ လေကြောင်းလိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ခရီးသည်တင်လေယာဉ် ရင်ဆိုင်ခဲ့ရသော အင်ဂျင်ပြဿနာကို လေကြောင်းလိုင်းတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ