တရုတ်က ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏ သုံးဆပိုထုတ်နိုင်မည့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်မည်
တရုတ်အစိုးရက ကမ္ဘာကျော်ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏသုံးဆပိုမိုထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုကိုတည်ဆောက်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါရေအားလျှပ်စစ်စက်ရုံကြီးကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ယာလန်းဆန်းပိုမြစ်ကြီးပေါ်၌ တည်ဆောက်သွားမည်ဖြစ်သည်။ အင်ဂျင်နီယာပညာပိုင်းအရစိန်ခေါ်မှုများစွာရှိမည့် ထိုရေအားလျှပ်စစ်စက်ရုံစီမံကိန်းကြီးကို ယွမ် ၁ ထရီ လီယံအထိရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင်ကုန်ကျစရိတ်အများဆုံးသော အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
တိဗက်ကုန်းပြင်မြင့်ကို ဖြတ်သန်းစီးဆင်းနေသည့် ယာလန်းဆန်းပိုမြစ်ကြီးက ကမ္ဘာပေါ်တွင်အနက်ဆုံးဖြစ်သောချောက်ကြီးတစ်ခုကိုဖြစ်ပေါ်စေပြီး အမြင့်အားဖြင့် မီတာ ၇၀၀၀ ကျော်ရှိကာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသည့်အခါ ဗြဟ္မပုတ္တရမြစ်အဖြစ် ပြောင်းလဲစီးဆင်းသွားခြင်းဖြစ်သည်။
ထိုရေအားလျှပ်စစ်စက်ရုံမှ နှစ်စဉ်လျှပ် စစ်ဓာတ်အားပမာဏ ကီလိုဝပ်နာရီပေါင်း ဘီလီယံ ၃၀၀ နီးပါးထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သော ချောက် သုံးလုံးတမံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ပမာဏ ကီလိုဝပ်နာရီပေါင်း ၈၈ ဒသမ ၂ ဘီလီယံသာထုတ်လုပ်ထားနိုင်သည်။
Ref: SCMP
Source: Myawady Web Portal