ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လေကြောင်းဆိုင်ရာ ဖြစ်ရပ် (၃) ခုဖြစ်ပေါ်ခဲ့

News Image

  • ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လေကြောင်းဆိုင်ရာ ဖြစ်ရပ် (၃) ခုဖြစ်ပေါ်ခဲ့

တောင်ကိုးရီးယားတွင် Boeing 737-800 ပျက်ကျ၊ ကနဦးသတင်းများအရ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

PAL လေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် Air Canada လေယာဉ်တစ်စင်းသည် Landing Gear ပျက်စီးမှုကြောင့်ကနေဒါနိုင်ငံ၊ Halifax လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့အရေးပေါ်ဆင်းသက်ခဲ့မှုကြောင့် လေယာဉ်အစိတ်အပိုင်း အချို့ မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

KLM လေကြောင်းလိုင်း၏ အော်စလိုလေဆိပ်မှ အမ်စတာဒမ်သို့ ပြေးဆွဲနေသည့် Boeing 737-800 လေယာဉ်သည် ပျံတက်ပြီး မကြာမီ ဟိုက်ဒရောလစ် ချို့ယွင်းမှုကြောင့်လမ်းကြောင်းပြောင်းခဲ့ရပြီး လေယာဉ်သည် အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်သော်လည်းပျံသန်းချိန်အတွင်း ထိန်းချုပ်မှုပျက်သွားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

ကိုးကား - RT

Photo- Newsweek