ဆူဇူကီး မော်တော်ကားကော်ပိုရေးရှင်း ပိုင်ရှင် သူဌေးကြီး Osamu Suzuki ကွယ်လွန်
ဂျပန်မော်တော်ကား ဆူဇူကီး Suzuki ကော်ပိုရေးရှင်း အကြီးအကဲ Osamu Suzuki သည် ဒီဇင်ဘာ ၂၇ ရက်နေ့က အသက် ၉၄ အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားလိုက် ပါသည်။
ဂျပန်ပြည်တွင်းကားထုတ်လုပ်မှုဈေးကွက်မှ ကမ္ဘာလုံး ဆိုင်ရာဈေးကွက်အထိ အပြိုင်အဆိုင်ထိုးဖောက်နိုင်ရေး ပြောင်းလဲနိုင်သူ Osamu Suzuki ကို ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။ သူသည် တိုကျိုရှိ Chuo University မှ ဥပဒေဖြင့် ဘွဲ့ရပြီးနောက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဂျပန် နိုင်ငံအလယ်ပိုင်း Hamamatsu မြို့တွင် အခြေစိုက် သည့် Suzuki Motor တည်ထောင်သူ မိသားစုမှ Shunzo Suzuki ဥက္ကဋ္ဌ၏သမီးနှင့် လက်ထပ်ခဲ့ကာ Suzuki Motor ကားထုတ်လုပ်မှုလောကသို့ စတင် ဝင်ရောက် ခဲ့သည်။
ပြတ်သားသောအပြောအဆိုနှင့် ဖော်ရွေပျူငှာသော အမူအရာကြောင့် လူသိများလှသည်။ ၁၉၇၈ ခုနှစ်တွင် Suzuki ၏ CEO ဖြစ်လာခဲ့ပြီး၊ ၎င်း၏ကားများဖြင့် အိန္ဒိယနိုင်ငံအတွင်း ဂျပန်ကားထုတ်လုပ်မှုလုပ်ငန်းကို ပထမဆုံး စတင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။
ကိုးကား- တိုကျို၊ AP