ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုမှုပြုလုပ်

News Image

  • ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုမှုပြုလုပ်

ဂျာမန်ဘက်မှ အစပြုမှုဖြင့် စကားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ ဆွေးနွေးမှု၏ အကြောင်းအရာမှာ ယူကရိန်းနိုင်ငံမှတစ်ဆင့် ဓာတ်ငွေ့ထောက်ပံ့မှုနှင့် ဖြတ်သန်းမှုဆိုင်ရာ ကိစ္စရပ်ဖြစ်ပါသည်။

"ယူကရိန်းမှတစ်ဆင့် ဓာတ်ငွေ့ဖြတ်သန်းမှုကို ရပ်တန့်ရန် ယူကရိန်းခေါင်းဆောင် ဇီလန်းစကီ၏ ဆုံးဖြတ်ချက်သည် ဆလိုဗက်ကီးယားနိုင်ငံအတွက် အလွန်ထိခိုက်စေပြီး EU တစ်ခုလုံးကို ဘီလီယံများစွာ ကုန်ကျစေမည်ဖြစ်ပါသည်။ ဇီလန်းစကီ၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ပါက ဆလိုဗက်ကီးယား က အပြန်အလှန် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်မှ ပြောကြားခဲ့ပါသည်။

ဆလိုဗက်ကီးယား ဝန်ကြီးချုပ်က Davos တွင် ယူကရိန်းခေါင်းဆောင် ဇီလန်းစကီနှင့် တွေ့ဆုံဆွေးနွေးရန် ရက်အတော်ကြာကမ်းလှမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ကိယက်ဗ်မှ အဆိုပြုချက်ကို တုံ့ပြန်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RT

Photo: Trend