ဥရောပသမဂ္ဂ၏ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုကို နောက်ထပ် ၆ လ သက်တမ်းတိုး

News Image

  • ဥရောပသမဂ္ဂ၏ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုကို နောက်ထပ် ၆ လ သက်တမ်းတိုး

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို နောက်ထပ် ၆ လ သက်တမ်းတိုးရန် သဘောတူညီခဲ့ ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့မှ TASS သို့ ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် အဆိုပါပိတ်ဆို့အရေးယူမှုကို ထပ်မံသက်တမ်းတိုးလိုက်ကြပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် ကိုယ်စားလှယ် Kaja Kallas က နောက်ပိုင်းတွင် ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားပါသည်။

ဟန်ဂေရီသည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန် မဲခွဲမဆုံးဖြတ်မီ ဥရောပသမဂ္ဂထံမှ တောင်းဆိုထားသည့် စွမ်းအင်လုံခြုံရေးဆိုင်ရာအာမခံချက်ကို ရရှိထားပြီးဖြစ်သော်လည်း ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအား သက်တမ်းတိုးရန်ဆုံးဖြတ်ချက်ကို ဟန်ဂေရီက ပိတ်ပင်ခဲ့ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောကြားထားပါသည်။

ကိုးကား-TASS