အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံ မဟုတ်တော့ဟု ယူကရိန်း လွှတ်တော်အမတ်များပြော
ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးခြင်း မခံရတော့ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ အတွက် မဟာမိတ်မဟုတ်တော့ကြောင်း ယူကရိန်း လွှတ်တော်အမတ်များကပြောသည်။
အမေရိကန်အစိုးရသည် အမေရိကန် နိုင်ငံဦးစားပေး မူဝါဒကို ပြောင်းလဲကျင့် သုံးပြီးနောက် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသော စစ်လက်နက်ပစ္စည်းထောက်ပံ့ မှုများကို ရပ်ဆိုင်းပြီးချိန်တွင် ယူကရိန်း လွှတ်တော် အမတ်များက ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။
အမေရိကန်က ယူကရိန်းသို့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သော စစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ခဲယမ်းများနှင့် အမြောက်ဆန်များ ပါဝင်သည်။ ထိုသို့ထောက်ပံ့ပေးမှုများ ရပ်တန့်လိုက်ကြောင်းကိုလည်း NATO တပ်ဖွဲ့ဆိုင်ရာ အမေရိကန်သံတမန် မက်သရူးဝှစ်တေကာက ဇူလိုင်လ ၃ ရက်တွင် ပြောခြင်းဖြစ်သည်။
ယူကရိန်းလွှတ်တော် အမတ်များက အမေရိကန်ကို ၎င်းတို့၏မဟာမိတ်နိုင်ငံ မဟုတ်တော့ကြောင်း ပြောနေသော်လည်း အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ အနေဖြင့် မည်သည့်အခါကမျှ တရားဝင် မဟာမိတ်များအဖြစ်သို့ ရောက်ရှိခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
အမေရိကန်၏ ယခုကဲ့သို့ စစ်လက်နက်များ ထောက်ပံ့မှုရပ်တန့်ခြင်းနှင့်ပတ်သက်၍ ယူကရိန်းသမ္မတက အမေရိကန်သမ္မတနှင့် ဇူလိုင်လ ၄ ရက်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း Financial Times သတင်းဌာနက ဇူလိုင်လ ၃ ရက်တွင် ဖော်ပြထားသည်။
MWD Web Portal