အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ပါဝင်ရန် တရုတ်နိုင်ငံဆန္ဒရှိဟုဆို

News Image

  • အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ပါဝင်ရန် တရုတ်နိုင်ငံဆန္ဒရှိဟုဆို

ပေကျင်း ဇူလိုင် ၃

အရှေ့တောင်အာရှဒေသအား နျူကလီးယားလက်နက်ကင်းမဲ့ ဇုန်အဖြစ် တည်ဆောက်ရေးကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံပေးကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်စာချုပ် လက်မှတ်ထိုးရာတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ ပါဝင်လက်မှတ်ထိုးရေးအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးရန် လည်း တရုတ်နိုင်ငံက အသင့်ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှ နျူကလီး ယား လက်နက်ကင်းမဲ့ဇုန်စာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က သဘောတူထားကြောင်း ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံက ပြောကြားထားသည်။

အလားတူ အမေရိကန်အစိုးရကလည်း ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုမီ ယင်းသဘောတူညီချက်ကို လေ့လာသုံးသပ်နေကြောင်း မလေးရှားမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်ကို အာဆီယံနိုင်ငံများက ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စတင်အာဏာ သက်ဝင်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

YDNB Newspaper