ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်သဘောတူ
ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထုန်ထန်ရှင်နာဝပ် သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနှင့် ပြောထားသည့် အသံဖိုင်ပေါက်ကြားပြီးနောက် ဝေဖန်မှုများ ခံနေရခြင်းဖြစ်သည်။
MWD Web Portal
MM-News-Category