ပြည်နှင်ဒဏ်ပေးမည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဂွာတာနာမိုသို့ပို့မည်

News Image

  • ပြည်နှင်ဒဏ်ပေးမည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဂွာတာနာမိုသို့ပို့မည်

ကျူးဘားနိုင်ငံ၊ ဂွာတာနာမိုပင်လယ်အော်ရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းတွင် ထိန်းသိမ်းရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ပြီး ပြည်နှင်ဒဏ်ခံရသော ထောင်နှင့်ချီသည့်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ထားရှိရန် စီစဉ်ထားသည်ဟု ကြေညာခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးမည့် Laken Riley Act ကိုပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားစီရင်ခြင်းမခံရသေးသော်လည်း ခိုးမှုနှင့် အကြမ်းဖက်ရာဇ၀တ်မှုများဖြင့် စွပ်စွဲခံထားရသော အထောက်အထားမဲ့ပုဂ္ဂိုလ်များကို ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ လုပ်ဆောင်မည် ဖြစ်ကြောင်း ပါရှိပြီး သက်ဆိုင်ရာနိုင်ငံများမှ ပြန်လည်လက်မခံသူများကို ဂွာတာနာမိုသို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် အကျဉ်းသားဦးရေ ၃၀,၀၀၀ အတွက်ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်းကိုလည်း ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်၏ အစိုးရအဖွဲ့သည် ပြည်နှင်ဒဏ်ပေးရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဖယ်ရှားရေးခရီးစဉ်များအတွက် စစ်လေယာဉ်များကိုအသုံးပြုကာ ပြည်နှင်ဒဏ်ပေးခံရမှုများကို လက်ခံရန်ငြင်းဆန်သောနိုင်ငံများအတွက် အခွန်စည်းကြပ်မှုနှင့် အခြားအရေးယူမှုများဆောင်ရွက်မည်ဟု ပြောဆိုမှုများရှိနေသည်။

ကိုးကား-RT