ဟားမတ်စ်အဖွဲ့က လွှတ်ပေးလိုက်သည့် ဓားစာခံ ၇ ဦး တွင် ထိုင်းနိုင်ငံသား ၅ ဦးပါဝင်
ဂါဇာကမ်းမြောင်ဒေသတွင် ဓားစားခံလဲလှယ်ရေး အစီအစဉ် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဟားမတ်စ် အဖွဲ့က ဓားစာခံ ၇ ဦးလွှတ်ပေးရာတွင် အစ္စရေး စစ်သမီး ၁ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား ၅ ဦး ပါဝင်ကြောင်း သိရှိရသည်။ အေဂမ်ဘာဂါ ( ၂၀နှစ် )ကို လက်နက်ကိုင် ဟားမတ်စ်အဖွဲ့က စင်ပေါ်သို့ခေါ်ဆောင်လာကာ ဓာတ်ပုံရိုက်ခဲ့ပြီး သူမကိုကြက်ခြေနီအဖွဲ့ဝင်များထံသို့ လွှဲအပ်လိုက်ကြသည်။ ယခုလွှဲပြောင်းမှုမတိုင်မီက အမျိုးသမီး ၇ ဦးကိုလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ပြန်လည် လွတ်မြောက်လာသော ဓားစာခံများကို ဂါဇာ ကမ်းမြောင်တွင်ရှိသည့် IDF နှင့် ISA တပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ပြန်လည်ရောက်ရှိလာသော ဓားစာခံသည် လက်ရှိတွင် IDF အထူးတပ်ဖွဲများနှင့် ISA တပ်ဖွဲ့များနှင့်အတူ အစ္စရေးနယ်မြေသို့ ပြန်လည် ရောက်ရှိလာကာ ကနဦးဆေးဘက်ဆိုင်ရာ အကဲဖြတ်မှု ခံယူရမည်ဖြစ်ပါသည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ တပ်မှူးများနှင့် စစ်သည်များသည် အစ္စရေးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဓားစာခံများကို အလေးပြုကာ ကြိုဆိုခဲ့ကြကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဓားစာခံ အားလုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက်အစ္စရေး အစိုးရထံ ကတိပြုထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစ္စရေးအစိုးရက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ စစ်သမီးတစ်ဦးဖြစ်သော အေဂမ်ဘာဂါကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး ပြန်ပေးဆွဲခံရကာ ပျောက်ဆုံးနေသူအားလုံးကို အစ္စရေးအစိုးရက ပြန်လည်ရှာဖွေပေးမည်ဟု ကတိကဝတ်ပြုထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား-Myanmar National Post