ထွက်ပေါ်လာသောအသံဖိုင်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က လူထုကိုတောင်းပန်စကားဆို
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန် ရှင်နာဝပ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဆွေးနွေးထားသည့် အသံဖိုင်ထွက်ပေါ်လာပြီးနောက် ထိုအသံ ဖိုင်ပါပြောဆိုချက်များနှင့်ပတ်သက်၍ ဇွန်လ ၁၉ ရက်တွင် လူထုကိုတောင်းပန် စကားဆိုလိုက်ကြောင်းသိရသည်။
ထိုင်းဝန်ကြီးချုပေထုန်ထန်ရှင်နာဝပ်က အသံဖိုင်ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ တောင်းပန်ကြောင်း၊ ထိုပြောဆိုမှုကို အသံဖမ်းထားမည်ဟုမသိရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ထိုင်းဝန်ကြီးချုပ်သည် ထွက်ပေါ်လာသော အသံဖိုင်ပါပြောဆိုချက်များနှင့်ပတ်သက်၍ ထိုင်းတပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် တပ်မတော်နှင့်အတူ ညီညွတ်စွာ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် ပြောဆိုမှုမှန်သမျှကိုလည်း ဂရုစိုက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က လူထုကိုကတိပြုထားသည်။
Ref. The Nation
Photo - CNA
MWD Web Portal