အင်ဒိုနီးရှားသမ္မတက SPIEF အတွက် အဓိကဧည့်သည်တစ်ဦးဖြစ်ဟု ရုရှားသမ္မတပြော

News Image

  • အင်ဒိုနီးရှားသမ္မတက SPIEF အတွက် အဓိကဧည့်သည်တစ်ဦးဖြစ်ဟု ရုရှားသမ္မတပြော

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုသည် ရုရှားနိုင်ငံ၌ကျင်းပသော ၂၀၂၅ ခုနှစ် စိန့်ပီတာစဘာ့အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) အတွက် အဓိက ဧည့်သည်တစ်ဦးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၁၉ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားသမ္မတသည် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ် ရုရှားသမ္မတက လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။ ထို့နောက် သမ္မတနှစ်ဦးသည် ဇွန်လ၂ဝ ရက်တွင်ပြုလုပ်မည့် SPIEF ၏မျက်နှာစုံညီအစည်းအဝေး၌ ပါဝင်သွားမည်ဖြစ်ကြောင်း ပူတင်ကပြောသည်။

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်တစ်ခုလုံးနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးရန် ပူတင်က ပရာဘိုဝို​ဆူဘီယန်တိုကို SPIEF သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် တဖြည်းဖြည်းတိုးတက်လာကြောင်း၊ ကုန်သွယ်မှုသည်လည်း မြင့်မားလာကြောင်းနှင့် နယ်ပယ်ပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိလာကြောင်း ပူတင်ကပြောသည်။ 

Ref: RT

Photo- Sputnik