နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အမှုဆောင် အရာရှိချုပ် ယူကရိန်းသို့ သွားရောက်မည်

News Image

  • နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အမှုဆောင် အရာရှိချုပ် ယူကရိန်းသို့ သွားရောက်မည်

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency –IAEA) အမှုဆောင်အရာရှိချုပ် Rafael Grossi သည် နျူကလီးယားလုံခြုံရေးနှင့်ပတ်သက်၍ အဆင့်မြင့်ဆွေးနွေးပွဲတက်ရောက်ရန် လာမည့်အပတ်တွင် ယူကရိန်းသို့ သွားရောက်ရန် စီစဉ်နေကြောင်း၊ ရုရှားနိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း   အေဂျင်စီက ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားပါသည်။

စစ်ရေးပဋိပက္ခအတွင်း နျူကလီးယားလက်နက် မတော်တဆ အသုံးပြုမှုကို တားဆီးကာကွယ်ရန် ရည်ရွယ်၍ သွားရောက်ဆွေးနွေးရန်ဖြစ်ပြီး ရုရှား-ယူကရိန်း စစ်ပွဲစတင်ချိန်မှဆိုလျှင် ၎င်း၏ ယူကရိန်းသို့ သွားရောက်မည့်ခရီးစဉ်သည် ယခုအခါ ၁၁ ကြိမ်မြောက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

ကိုးကား (နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ-IAEA website)