အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအား အမေရိကန်၏ အကူအညီအတွက် ယူကရိန်း၏ အဖိုးတန် ရှားပါးသတ္တုများနှင့်ဖလှယ်ရန် သဘောတူညီမှုကို ညှိနှိုင်းလို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအား အမေရိကန်၏ အကူအညီအတွက် ယူကရိန်း၏ အဖိုးတန်ရှားပါးသတ္တုများနှင့်ဖလှယ်ရန် သဘော တူညီမှုကို မျက်စိကျလျက်ရှိပါသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက် (တနင်္လာနေ့) တွင် ယူကရိန်းနှင့် သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းလိုကြောင်း ပြောကြားခဲ့သည်။ ထို သဘောတူညီချက်အရ ယူကရိန်းမှ အီလက်ထရွန်းနစ် နှင့်နည်းပညာများတွင် အဓိကအသုံးပြုသည့် အဖိုးတန် ရှားပါးသတ္တု များ (rare earth metals) ထောက်ပံ့ရန် အာမခံပြီး အမေရိကန်မှ အကူအညီနှင့် ဖလှယ်ရန် ရည်ရွယ်ထားပါသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ပြီးခဲ့သည့် အောက်တိုဘာလက ရုရှားနှင့်စစ်ပွဲအဆုံးသတ်ရန် ၎င်း၏ “အောင်ပွဲအစီအစဉ်” (victory plan) တွင် ယင်းအကြံပြုချက်ကို စတင်မိတ်ဆက်ခဲ့ဖူးပါသည်။
ကိုးကား - Moscow Times
ပိုမို ဖတ်ရှုရန်
https://sacministry.gov.mm/my/news/2298
MM-News-Category