USAID အဖွဲ့၏ လုပ်ငန်းများကိုရပ်ဆိုင်းပြီး ယာယီအကြီးအကဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက တာဝန်ယူ

News Image

  • USAID အဖွဲ့၏ လုပ်ငန်းများကိုရပ်ဆိုင်းပြီး ယာယီအကြီးအကဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက တာဝန်ယူ

ဝါရှင်တန်၊ နိုင်ငံရေး

    အမေရိကန်အစိုးရ၏ အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့၏ ယာယီအကြီးအကဲအဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသည် USAID အဖွဲ့၏ လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီလ၃ ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတဒေါ်နယ်ထရမ့်ကရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့သည်။

ထို့ပြင် USAID အဖွဲ့၏ ခေါင်းဆောင်မှုသည် အသိဉာဏ် ကင်းမဲ့သောကြောင့် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ထရမ့်ကညွှန်ကြားခဲ့သည်။ လက်ရှိတွင် USAID အဖွဲ့သည် အသစ်ဖွဲ့စည်းလိုက်သည့်  အစိုးရ၏ဆောင်ရွက်မှု ထိရောက်ခြင်းရှိ၊ မရှိ စစ်ဆေးသည့်ဌာန(DOGE)၏ စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဌာနကို ဘီလီယံနာတစ်ဦးဖြစ်သူ အီလွန်မက်က ဦးဆောင်လျက်ရှိသည်။

အမေရိကန်အစိုးရ၏ USAID အဖွဲ့သည် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သည်ဟု အီလွန်မက်ကပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် အမေရိကန်ပြည်သူများ၏    အခွန်ဘဏ္ဍာများကို အသုံးပြု၍ ဇီဝလက်နက်များအား သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် ရူဘီယိုက   ယာယီအကြီးအကဲအဖြစ်     တာဝန်ယူလိုက်ခြင်းဖြစ်သည်။

 မက်၏ အဆိုပါပြောကြားချက်သည် ရုရှား ဓာတု၊ ဇီဝနှင့် အဏုမြူ ကာကွယ်ရေး တပ်ဖွဲ့၏ ယခင်အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့၏ ပြောကြားချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

၂၀၁၉  ခုနှစ်မှစ၍ USAID အဖွဲ့သည် အမေရိကန်စစ်ဘက်က လုပ်ဆောင်ခဲ့သည့် ဇီဝလက်နက် အစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၂၃  ခုနှစ် တစ်နှစ်တည်းမှာပင် ဒေါ်လာ ၆၀ ဘီလီယံ အသုံးပြုခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal