ရုရှားနှင့်ယူကရိန်းတို့က သဘောတူညီချက်အရ နောက်ဆုံးအကြိမ် အကျဉ်းသား လဲလှယ်မှုလုပ်ဆောင်
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် နှစ်နိုင်ငံကြားရရှိခဲ့သည့် သဘောတူညီချက် အရ နောက်ဆုံးအကြိမ် အကျဉ်းသား လဲလှယ်မှုကိုလုပ်ဆောင်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၄ ရက်တွင် ဖော်ပြ ထားသည်။
ဇွန်လ ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စ တန်ဘူမြို့၌ လုပ်ဆောင်သော ဆွေးနွေးပွဲ အတွင်းရရှိခဲ့သည့် သဘောတူညီချက်အရ ထိုကဲ့သို့အကျဉ်းသား လဲလှယ်မှုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၌ဖော်ပြထားသော်လည်း လဲလှယ်မှုလုပ်သည့် အကျဉ်းသား အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
ယူကရိန်းတို့လက်မှ လွတ်မြောက်လာသော ရုရှားစစ်သည်များသည် ယခုအခါ ဘယ်လာရုစ်နိုင်ငံ၌ ရောက်ရှိနေပြီဖြစ်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ခံယူနေကြောင်းနှင့် ဆေးကုသမှုခံယ ပြီးမှသာ ရုရှားနိုင်ငံသို့ ခေါ်ယူသွားမည်ဖြစ် ကြောင်းသိရသည်။
MWD Web Portal
MM-News-Category