မတ်လ ၁၈ ရက်နေ့ဆွေးနွေးပွဲအပြီးတွင် အမေရိကန်သည် ခရိုင်းမီးယား (Crimea) နှင့် Donbass ကို အမေရိကန်က ရုရှားပိုင်နက်များ အဖြစ် အသိအမှတ်ပြုနိုင်သည်ဟု The New York Times သတင်းက ဖော်ပြသည်။Trump က Air Force One ပေါ်တွင် သတင်းထောက်များနှင့် စကား ပြောဆိုသည့်အခါ “ဘာမှမဖြစ်ဘူးဆိုပါက ၎င်းနှင့် ရုရှားသမ္မတ Vladimir Putin တို့သည် ၎င်းတို့၏ Yalta Conference နှင့်တူသည့် တစ်ခုခုကို တွေ့ကြုံခံစားကြရမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူမည် ဆိုပါက ရုရှားက သိမ်းထားမည့် မြေယာနှင့် ပိုင်ဆိုင်မှုများကို အာရုံစိုက် သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။ရုရှားက ခရိုင်းမီးယားကို သိမ်းထားမည်ဖြစ်သလို ယူကရိန်းပိုင်နက်၏ ၂၀ ရာခိုင်နှုန်းခန့်ကို လက်ရှိထိန်းချုပ်ထားသည့် နယ်မြေအားလုံး နီးပါးကို ထိန်းသိမ်းထားမည်ဟု အိမ်ဖြူတော်လက်ထောက်များကို အရိပ် အမြွက်ပြောပါသည်။သို့သော်လည်း ယူကရိန်းသမ္မတ Volodymyr Zelensky ၏ လက်ထောက် များက Odessa ၏ အရေးပါသော ဆိပ်ကမ်းများ အပါအဝင် ပူတင်၏ အခြားသော ပိုင်နက်တောင်းဆိုမှုများကို ထရမ့်က ထောက်ခံမည်ကို စိုးရိမ်ကြောင်း ဝန်ခံထားသည်။ထရမ့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ၎င်းတို့သည် ၎င်းတို့၏ ယူကရိန်း မိတ်ဖက်များနှင့် ဥရောပခေါင်းဆောင်များအား ရုရှားနှင့် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများအကြောင်း အသိပေးထားသော်လည်း ယူကရိန်း သို့မဟုတ် ဥရောပအင်အားကြီးနိုင်ငံများက ထရမ့် နှင့် ပူတင်တို့ သဘောတူ ထားသည့်အရာကို သဘောတူမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရ သေးကြောင်း ရေးသားဖော်ပြပါသည်။ကိုးကား- The New York Times