အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရက်သတ္တပတ်နှစ်ပတ်ကြာပိတ်ထားခဲ့သည့် တီဟီရန်မြို့ရှိ ဆွစ်ဇာလန်သံရုံး ပြန်လည်ဖွင့်လှစ်

News Image

  • အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရက်သတ္တပတ်နှစ်ပတ်ကြာပိတ်ထားခဲ့သည့် တီဟီရန်မြို့ရှိ ဆွစ်ဇာလန်သံရုံး ပြန်လည်ဖွင့်လှစ်

ဂျီနီဗာ  ဇူလိုင်

အစ္စရေး-အီရန် ပဋိပက္ခကြောင့် တီဟီရန်မြို့ရှိ ဆွစ်ဇာလန်သံရုံးကို ရက်သတ္တပတ်နှစ်ပတ်ကြာ ပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အစ္စရေးနှင့် အီရန်တို့ကြား အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုများ ဇွန် ၁၃ ရက်က စတင်ဖြစ်ပွားခဲ့ပြီးနောက် ဆွစ်ဇာလန်နိုင်ငံသည် တီဟီရန်မြို့ရှိ သံရုံးကို စတင်ပိတ်ထားခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် တီဟီရန်မြို့ရှိ ဆွစ်ဇာလန်သံရုံးကို ပြန်လည်ဖွင့်လှစ်ထားပြီဟု ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနကြေညာချက်၌ ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အီရန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး နာဒင်းအိုလီဗီရီလိုဇာနိုနှင့် သံတမန်ဝန်ထမ်းအချို့တို့အနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံမှတစ်ဆင့် တီဟီရန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံသည် အီရန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးကို ဇွန် ၂၀ ရက်တွင် စတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားများကိုလည်း ကိုယ်စားပြုထားသည့် ကြားနေနိုင်ငံသံရုံးဖြစ်ကြောင်းသိရသည်။

ကိုးကား-ရတနာပုံသတင်းစာ

Photo: Webangah News Agency