စပိန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပေါ်ပေါက်
စပိန်နိုင်ငံတွင် မာလီနိုင်ငံသား တစ်ဦးက ဒေသခံ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းအားဖမ်းဆီးခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ များ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ မက်ဒရစ်မြို့ဆင်ခြေဖုံးရှိ Alcala de Henares ကျေးရွာတွင် ရွှေ့ပြောင်းနေထိုင်သူများ စခန်း အပြင်ဘက်၌ ဇူလိုင် ၆ ညပိုင်းတွင် အဓိကရုဏ်းများ စတင် ဖြစ်ပွား ခဲ့သည်။
ရဲတပ်ဖွဲ့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးအား ယင်းစခန်းအနီးတွင် အသက် ၂၁ နှစ်အရွယ် စပိန်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့ သည်ဟု စွပ်စွဲဖမ်းဆီးခဲ့သည်။ စွပ်စွဲဖမ်းဆီးခံရသူသည် ကျူးလွန်ခံ ရသူ အား ရိုက်နှက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ပြီးနောက် ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ ယင်းရွှေ့ပြောင်းနေထိုင်သူစခန်းတွင် နေထိုင်သည့် ခိုလှုံခွင့်တောင်းခံသူများထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ၎င်းအား အာမခံမပေးဘဲ ယာယီထိန်းသိမ်းထားရှိခဲ့သည်။
သောကြာနေ့ (ဇူလိုင် ၄) ညနေပိုင်းတွင် လူပေါင်း ၂၀၀၀ ခန့် နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူစခန်းအပြင်ဘက်၌ ဆန္ဒပြပွဲတွင် လူပေါင်း ၃၀၀ ခန့် ပါဝင်ခဲ့ကြပြီး စခန်းအနီးရှိ ရဲတပ်ဖွဲ့၏ အတားအဆီးများကို ဖယ်ရှားခဲ့ ကြကာ စခန်းပိတ်သိမ်းရန်နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေများ ပြောင်းလဲရန် တောင်းဆိုနေကြသည်။
ထို့အပြင် ဆန္ဒပြသူများသည် ဝန်ကြီးချုပ် Pedro Sanchez အား ရွှေ့ပြောင်း နေထိုင်သူများကို ထောက်ခံသည့် သဘောထားအတွက် ဝေဖန်ရှုတ်ချသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။
နောက်ပိုင်းတွင် လက်ယာယိမ်း အစွန်းရောက် အဖွဲ့များ ပါဝင်လာ ပြီးနောက် ဆန္ဒပြမှုများသည် အကြမ်းဖက်မှုဘက်သို့ ဦးတည်ခဲ့သည်။ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်နှင့် ရာဘာကျည်ဆန်များ အသုံးပြုကာ ဆန္ဒပြသူများအား ဖြိုခွင်းခဲ့ကြောင်းသိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂