တရုတ်အစိုးရက ဆေးပစ္စည်း တင်သွင်းမှုကို ကန့်သတ်ခြင်းဖြင့် ဥရောပသမဂ္ဂကို လက်တုံ့ပြန်

News Image

  • တရုတ်အစိုးရက ဆေးပစ္စည်း တင်သွင်းမှုကို ကန့်သတ်ခြင်းဖြင့် ဥရောပသမဂ္ဂကို လက်တုံ့ပြန်

ပြီးခဲ့သည့်လအတွင်း ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် သွင်းကုန်စည်းကြပ် အခွန်များ တစ်ဖက်သတ် တိုးမြှင့်ချမှတ်ပြီး နောက်တရုတ်အစိုးရကလည်း ဥရောပသမဂ္ဂမှ ဆေးပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ခြင်းအားဖြင့် လက်တုံ့ပြန်လိုက်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန က ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန်သည်။

ဥရောပသမဂ္ဂက တရုတ်နိုင်ငံ၌ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များအပေါ် သွင်းကုန်အခွန်တိုးမြှင့် ကောက်ခံပြီးနောက် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ တို့ကြား ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံမှကုမ္ပဏီများအနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၌ တစ်နှစ်လျှင် ယူရိုဘီလီယံ ၆၀ နှင့်အထက် တန်ဖိုးရှိသော  ဆေးပစ္စည်းများအတွက် တင်ဒါ ယှဉ်ပြိုင်မှုတွင် ပါဝင်ခြင်းကို ထိုသမဂ္ဂက ကန့်သတ်ထားသည်။ ထို့ကြောင့် တရုတ် အစိုးရက ဥရောပသမဂ္ဂမှ ယွမ် ၄၅ သန်း နှင့်အထက်တန်ဖိုးရှိသည့် ဆေးပစ္စည်း များတင်သွင်းမှုကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု နှင့် ရိုးသားမှုတို့ကို ဖော်ထုတ်ပြသသော်လည်း ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့၏ နည်းလမ်းအတိုင်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် ကန့်သတ်ချက်များကို ချမှတ်သောကြောင့်  တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်ဆောင်ရွက်ချက်များကို လုပ်ဆောင်ခြင်းမှလွဲ၍ အခြားမရှိသောကြောင့် ယခု ကဲ့သို့ ကန့်သတ်ချက် ချမှတ်လိုက်ရခြင်း ဖြစ်ကြောင်း  တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

MWD Web Portal