ဂါဇာကိုသိမ်းပြီး ပါလက်စတိုင်းများကို နှင်ထုတ်ပါက ထရမ့်ကို စွပ်စွဲပြစ်တင်မည်ဟုဆို

News Image

  • ဂါဇာကိုသိမ်းပြီး ပါလက်စတိုင်းများကို နှင်ထုတ်ပါက ထရမ့်ကို စွပ်စွဲပြစ်တင်မည်ဟုဆို

ဒီမိုကရက်တစ်ပါတီ အမေရိကန် အောက်လွှတ်တော်အမတ် အယ်လ်ဂရင်းက ဂါဇာကို သိမ်းပိုက်ပြီးပါလက်စတိုင်းများအား ပြန်လည်နေရာချထားရေးကိစ္စကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက သမ္မတ ဒေါ်နယ် ထရမ့်ကို စွပ်စွဲပြစ်တင်သည့် ပုဒ်မများ တင်သွင်းရန် ၎င်းဘက်ကလည်း အဆင်သင့်ဖြစ်နေဟု ပြောကြား လိုက်ပါသည်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့်  အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ဂါဇာနှင့် ပတ်သက်သည့် ၎င်း၏စိတ်ကူးကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂါဇာကိုအမေရိကန်၏ လက်အောက်တွင်ထားရှိပြီး အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ဗဟိုဌာနပြုလုပ်မည်၊ ထို့နောက် ဒေသတွင်းအလုပ်အကိုင်များရရန် လုပ်ဆောင်ပေးမည်၊ လက်ရှိနေထိုင်နေသည့် ပါလက်စတိုင်းများကို အခြားစိတ်ဝင်စားသည့် နေရာများသို့ ရွှေ့ပြောင်းပေးမည်ဟု ပြောခဲ့ပါသည်။ ဧရိယာတစ်ခုလုံးကို မိုင်းရှင်းလင်း ရေးလုပ်ဆောင်ကာ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် အလုပ်အကိုင်နှင့် အိမ်ရာများများ ဖန်တီးပေးမည်ဆိုသော အကြမ်းဖျင်း အစီအစဉ်များ ပါရှိ ပါသည်။ 

လွှတ်တော်အမတ် ဂရင်းက ကမ္ဘာပေါ်၌ အာဏာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်၏ နှုတ်ထွက်စကားသည် လူမျိုးတုံးသုတ်သင်မှုကဲ့သို့ ဖြစ်နေသည့်အတွက် လွန်စွာ ရွံစရာကောင်းသည်ဟု ရှုတ်ချခဲ့သည့်အပြင် အဆိုပါ တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါ သည်။ 

ထရမ့်၏စိတ်ကူးသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ပါလက်စတိုင်း အခွင့်အရေးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်သည့်အတွက် ကမ္ဘာ့ ခေါင်းဆောင်များနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့များက ထရမ့်ကိုသတိပေးမှုများ ပြုလုပ်လာကြပါသည်။ 

“သမ္မတကိုစွပ်စွဲပြစ်တင်ရန် လှုပ်ရှားမှုစတင်နေပြီ” ဟု ဂရင်းက ဆက်လက်ကြေညာခဲ့ပြီး ၎င်း၏ “ယုတ်ညံ့သောလုပ်ရပ်များ အဆိုပြုထားချက်” နှင့် “ယုတ်ညံ့သော လုပ်ရပ်များ” နှစ်ခုလုံးအတွက် စွပ်စွဲပြစ်တင်သည့် ပုဒ်မများကိုအသုံးပြုမည်ဟု ကတိပြုခဲ့ပါသည်။

ကိုးကား-Myanmar National Post