မြူးနစ်ညီလာခံ၌ အမေရိကန်ဒုတိယသမ္မတနှင့် ဇီလန်စကီး တွေ့ဆုံမည်
အမေရိကန်ဒုသမ္မတ James David Vance သည် လာမည့်သီတင်းပတ်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် New York Post သတင်းစာက ဖော်ပြသည်။
အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းမှ မြေရှားပါးသတ္တုနှင့် သဘာဝဓာတ်ငွေ့များ ရယူရန် ဇီလန်စကီးနှင့် ဒေါ်လာ သန်း ၅၀၀ တန် သဘောတူညီချက်ကို ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့ပြီးအလားအလာရှိသော ငြိမ်းချမ်းရေးဆိုင်ရာ အာမခံချက်များနှင့် လဲလှယ်ရန် ဟု သတင်းစာက ထပ်လောင်း ပြောကြား ခဲ့သည်။
၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေးညီလာခံ ( Munich Security Conference ) ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပရန် စီစဉ် ထားပါသည်။
ကိုးကား-TASS
Photo: UNITED24 Media
MM-News-Category