ဆလိုဗက်ဝန်ကြီးချုပ် Fico က USAID ၏ စွက်ဖက်မှုအသေးစိတ် ထုတ်ပြန်ရန် Musk အား တောင်းဆို

News Image

  • ဆလိုဗက်ဝန်ကြီးချုပ် Fico က USAID ၏ စွက်ဖက်မှုအသေးစိတ် ထုတ်ပြန်ရန် Musk အား တောင်းဆို

ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က US Government Efficiency (DOGE) အကြီးအကဲ Elon Musk အား ၎င်း၏နိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs)များနှင့် နိုင်ငံရေး ပရောဂျက်များကို ထောက်ပံ့ရန်အတွက် USAID မှတစ်ဆင့် မီဒီယာများသို့ခွဲဝေပေးခဲ့သည့် အမေရိကန်ထောက်ပံ့ငွေများနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ပေးရန် တရားဝင်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

DOGE ၏ထုတ်ပြန်ချက်တစ်ခုတွင်ပါရှိသည့် USAID သည် ဆလိုဗက်ကီးယား၏ နိုင်ငံရေးအခင်းအကျင်းတွင် လုံးဝဝင်ရောက်စွက်ဖက်ခဲ့သည်ဟူသော ဖော်ပြချက်နှင့်ပတ်သက်၍ လွန်စွာစိုးရိမ်မိသည်ဟု Fico က Musk ထံသို့ ပေးပို့ခဲ့သည့် စာတစ်စောင်တွင် ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား-RT