ယူကရိန်းက အမေရိကန်ကို ငွေကြေးများ ပြန်ပေးမည်မဟုတ်ဟု သမ္မတ ဇီလန်စကီးပြော

News Image

  • ယူကရိန်းက အမေရိကန်ကို ငွေကြေးများ ပြန်ပေးမည်မဟုတ်ဟု သမ္မတ ဇီလန်စကီးပြော

ရုရှားနှင့် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်နိုင်ငံထံမှ ရရှိထားသည့် အကူအညီများအတွက် ယူကရိန်းက ငွေကြေးများ ပြန်ပေးမည် မဟုတ်ဟု ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ထို့အပြင် ယူကရိန်း သည် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံကျော် အကြွေးတင်နေသည် ဆိုသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခန့်မှန်း ပြောဆိုချက်များ သည် ချဲ့ကားပြောဆိုချက်များသာ ဖြစ်ကြောင်း ဇီလန်စကီးက ထပ်မံ ပြောဆိုခဲ့ပါသည်။

လွန်ခဲ့သောသီတင်းပတ်များအတွင်း ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားချိန်မှစတင်၍ ထောက်ပံ့ပေးခဲ့သော အကူအညီများအားလုံး အတွက် ယူကရိန်းကို ငွေကြေးတောင်းခံမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယူကရိန်း၌ ငွေကြေးပြတ်လပ်နေမည်ဆိုပါက လျော်ကြေးငွေပုံစံအဖြစ် ၎င်း၏သဘာဝ သယံဇာတဆိုင်ရာ လုပ်ပိုင်ခွင့်များကို ယူကရိန်းက လက်မှတ်ရေးထိုးသင့်သည်ဟု ဒေါ်နယ် ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့ပါသည်။

သို့သော် ဒေါ်နယ်ထရမ့်၏တောင်းဆိုချက်များအားလုံးကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့သည်ဟုလည်း သိရပါသည်။ ဇီလန်စကီးက “ယူကရိန်း သည် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကိုသာ ရရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ၊ ၅၀၀ ဘီလီယံ၊ ၇၀၀ ဘီလီယံ ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ယူကရိန်းက ၎င်းအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို အကြွေးဟု သတ်မှတ်ထားခြင်း မဟုတ်ဘဲ ထောက်ပံ့ငွေအဖြစ် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်၍ ပြန်ဆပ်ရန်လည်း မျှော်လင့်မထားကြောင်း” ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News