ဆီးရီးယားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကာတာဝန်ကြီးချုပ်နှင့် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

News Image

  • ဆီးရီးယားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကာတာဝန်ကြီးချုပ်နှင့် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆီးရီးယား၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman Al Thani နှင့် ဆီးရီးယား ကြားဖြတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး Assd al-Shibani တို့ ဖေဖော်ဝါရီ ၂၃ ရက်က ဒိုဟာမြို့၌ တွေ့ဆုံခဲ့ကြကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန်ကိစ္စရပ်များ၊ ဆီးရီးယားဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ကာတာဝန်ကြီးချုပ် Al Thani က ဆီးရီးယား၏ ပြန်လည်ပေါင်းစည်းရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် လွတ်လပ်မှုတို့အပေါ် ခိုင်မြဲစွာ ပံ့ပိုးဆောင်ရွက်သွားမည့်အပေါ် ထပ်လောင်းအတည်ပြုခဲ့ပြီး ဆီးရီးယားပြည်သူများ၏ ပြင်းပြသည့်ဆန္ဒဖြစ်သည့် ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေထိုင်နိုင်ရေး၊ အစိုးရသစ် တစ်ရပ် ဖော်ဆောင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဆီးရီးယားဒေသ ပြည်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးစသည့် လုပ်ငန်းစဉ်များတွင် ကာတာနိုင်ငံမှ ပံ့ပိုးဆောင်ရွက်ပေးသွားမည့် ကတိကဝတ်များကို အတည်ပြုနိုင်ခဲ့ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

ကိုးကား- Xinhua.net            

Source- https://english.news.cn/20250224/31c827eebb694d3cb019753e921b7a54/c.html

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)