ယူကရိန်းသို့ ထောက်ပံ့သည့်ငွေများ ဘယ်လိုဖြစ်သွားလဲဆိုသည်ကို အဖြေရှာသင့်ကြောင်း အီလွန်မက် ပြောကြား

News Image

  • ယူကရိန်းသို့ ထောက်ပံ့သည့်ငွေများ ဘယ်လိုဖြစ်သွားလဲဆိုသည်ကို အဖြေရှာသင့်ကြောင်း အီလွန်မက် ပြောကြား

ယူကရိန်းသို့ ထောက်ပံ့ခဲ့သော စစ်ရေးအကူအညီများ ဘယ်လိုဖြစ်သွားလဲ ဆိုသည်ကို အဖြေရှာရန် အချိန်ရောက်ပြီဟု အီလွန်မက်က ထုတ်ဖော် ပြောကြားလိုက်သည်။

“ယူကရိန်းကို ထောက်ပံ့ခဲ့သည့် ဘီလီယံရာနှင့်ချီသည့် ဒေါ်လာများ မည်သို့ ဖြစ်သွားသလဲဆိုသည်ကို သိရှိသင့်သည့်အချိန်ရောက်လာပြီ” ဟု အီလွန်မက်က ၎င်း၏ X ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

ဝါရှင်တန်၏ ယူကရိန်းကို ပံ့ပိုးခဲ့မှုကို DOGE က စစ်ဆေးသင့်ကြောင်း X အသုံးပြုသူများက ၎င်း၏ ပို့စ်အောက်တွင် မှတ်ချက်ပြုခဲ့ကြပြီး “ထိုအချက်သည် စိတ်ဝင်စားစရာပဲ” ဟု အီလွန်မက် က တုံ့ပြန်ခဲ့သည်။

“ယူကရိန်းခေါင်းဆောင်များသည် အမေရိကန်မှ ထောက်ပံ့ပေးခဲ့သည့် ငွေပမာဏ၏ ထက်ဝက်မှာ ဘယ်ရောက်သွားလဲ ဆိုသည်ကို မသိကြ ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခင်က ပြောကြားဖူး ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃