ဘင်္ဂလားဒေ့ရှ်က ဟာဆီနာကို လွှဲပြောင်းပေးရန်တောင်းဆိုမှု အိန္ဒိယ အကြောင်းမပြန်
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးခေါင်းဆောင် မိုဟာမက်ယူနွတ် က နိုင်ငံမှထွက်ပြေးသွားခဲ့ပြီး အိန္ဒိယတွင်ခိုလှုံနေသော ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဘင်္ဂလားဒေ့ရှ်သို့ အကျဉ်းသားလွှဲပြောင်းမှု အစီအစဉ် နှင့် တရားဝင်အကြောင်းကြားစာ ပေးပို့ထားကြောင်းနှင့် ယခုအချိန်ထိ အိန္ဒိယဘက်မှ အကြောင်းမပြန်ဘဲ ရှိနေကြောင်း ဆိုသွားပါသည်။ ဟာဆီနာသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအား ၁၆ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပြီး ယမန်နှစ်က ဘင်္ဂလားဒေ့ရှ် ကျောင်းသားများ၏ ဆန္ဒပြ မှုများကြောင့် အစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ရကာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရလျက်ရှိသည်။
ယူကေ အခြေစိုက် Sky News နှင့် အင်တာဗျူးတွင် ယူနွတ်က ဟာဆီနာသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားရင်ဆိုင်ရမည်ဟု အစိုးရပိုင် BSS သတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ ရာဇ၀တ်မှုများအတွက် ဟာဆီနာ (၇၇ နှစ်) နှင့် ၀န်ကြီးဟောင်း များ၊ အကြံပေးများနှင့် စစ်ဘက်နှင့် အရပ်ဘက် အရာရှိများကို ဖမ်းဝရမ်း ထုတ်ထားကြောင်း ပြောသွားပါသည်။
“စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်မည်ဖြစ်ပြီး သူမကိုသာမက သူမနှင့် ဆက်စပ်နေသူများ ဖြစ်သည့် မိသားစုဝင်များ၊ သူမ၏ အပေါင်းအသင်းများပါမကျန် အားလုံးကိုစစ်ဆေးမည်” ဟု ယူနွတ်က ပြောဆိုသွားပါသည်။
ကိုးကား-Myanmar National Post