ဇီလန်စကီးက ထရမ့်ကို တောင်းပန်
အမေရိကန်ပြည်ထောင်စု၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Steve Witkoff က ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အိမ်ဖြူတော်ပြဿနာနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Witkoff က ယခုအပတ်အတွင်း ဆော်ဒီအာရေဗျတွင် ကျင်းပမည့် အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ များအကြား ဆွေးနွေးပွဲ မတိုင်မီ မတ်လ ၁၀ ရက်(တနင်္လာ)နေ့က Fox News နှင့် အင်တာဗျူး တစ်ခုတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်သည် သိသိသာသာ တိုးတက်မှုရရှိရန် မျှော်လင့်နေပြီး ကိယက်ဗ်နှင့် သတ္ထုတွင်းထွက်ပစ္စည်း များဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် နေကြောင်း Witkoff က ပြောကြားခဲ့သည်။
“ဇီလန်စကီးက သမ္မတထရမ့်ထံ စာတစ်စောင်ပို့ခဲ့ပြီး Oval Office မှာ ဖြစ်ခဲ့သည့် အဖြစ်အပျက်အတွက် ၎င်းဘက်က တောင်းပန်ခဲ့သည်” ဟု ၎င်းက ပြောသည်။ “အဆိုပါအချင်းအရာသည် အရေးကြီးသည့် အဆင့် တစ်ခုဟု ၎င်းကမှတ်ယူကြောင်း၊ ဤဆွေးနွေးမှုနှင့် သက်ဆိုင်သည့်အမေရိကန်ကိုယ်စားလှယ်အဖွဲ့များနှင့် ယူကရိန်းနိုင်ငံသားများနှင့် ဥရောပ နိုင်ငံသားများအကြား ဆွေးနွေးမှုများစွာရှိခဲ့သည်” ဟု ဆက်လက် ပြောကြား ခဲ့သည်။
ထရမ့်က မကြာသေးမီက ဇီလန်စကီးထံမှ အရေးကြီးသော စာတစ်စောင် ကို လက်ခံရရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ကိယက်ဗ်က “တတ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း” ဖော်ပြထား ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန်သမ္မတက စာတွင် Oval Office ပြဿနာနှင့် ပတ်သက်၍ တောင်းပန်ချက်ပါရှိကြောင်း ဖော်ပြခဲ့ခြင်းမရှိပေ။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂