Starlink ဝန်ဆောင်မှုများ အိန္ဒိယတွင်စတင်မည်

News Image

  • Starlink ဝန်ဆောင်မှုများ အိန္ဒိယတွင်စတင်မည်

Elon Musk ၏ Starlink အင်တာနက်ဝန်ဆောင်မှုများကို အိန္ဒိယနိုင်ငံတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုသို့စတင်ရာတွင် အိန္ဒိယ၏ ဒုတိယ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် Bharti Airtel နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်နေ့က ကုမ္ပဏီ၏ စတော့အိတ်ချိန်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။

SpaceX နှင့် Airtel တို့အကြား သဘောတူညီချက်အရ SpaceX သည် အိန္ဒိယတွင် Starlink ဝန်ဆောင်မှုများကို ရောင်းချရန်လိုအပ်သော လိုင်စင်များရရှိပါက Airtel ၏ နိုင်ငံတစ်ဝှမ်းရှိ ရောင်းချမှု ကွန်ရက်များကို အသုံးပြု၍ ဝန်ဆောင်မှုများနှင့် ပစ္စည်းကိရိယာများကို စျေးကွက်တင် ရောင်းချနိုင်မည်ဖြစ်သည်။ 

ထုတ်ပြန်ချက်တွင် “ဤသဘောတူညီချက်သည် အိန္ဒိယတွင် ပထမဆုံး ချုပ်ဆိုသည့် သဘောတူညီချက်ဖြစ်ပြီး SpaceX အနေဖြင့် အိန္ဒိယတွင် Starlink ဝန်ဆောင်မှုများ ရောင်းချနိုင်ရန် လိုအပ်သော ခွင့်ပြုချက်များ ကိုရရှိရန် လိုအပ်ပါသည်” ဟု ဖော်ပြထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂