ရုရှားတွင် အားသာချက်ရှိနေ၍ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကိစ္စ မသင့်လျော်သေးကြောင်း လူကာရှန်ကို သုံးသပ်ပြောကြား

News Image

  • ရုရှားတွင် အားသာချက်ရှိနေ၍   ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကိစ္စ မသင့်လျော်သေးကြောင်း လူကာရှန်ကို သုံးသပ်ပြောကြား

ဘယ်လာရုစ်သမ္မတလူကာရှန်ကိုက ရုရှားသည် ယူကရိန်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် အားသာချက် (strong cards) ကို ကိုင်ဆောင်ထားနေပြီး ၎င်းတို့အနေဖြင့် အဆိုပါအချက်ကို မည်သည့်အချိန်တွင် အသုံးချမည်ဆိုသည့်အပေါ် မူတည်ပြီးမှသာ သဘောတူညီချက်တစ်ရပ် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မတ်လ ၁၁ ရက်က အမေရိကန်၏ ယူကရိန်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ရရှိလာသည့် ရက် ၃၀ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အဆိုနှင့်ပတ်သက်၍ ယခုအချိန်မှာ ရုရှားအနေဖြင့် လက်ခံရန် မသင့်လျော်သေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုရှားတပ်ဖွဲ့ များသည် တိုက်ပွဲတွင် အောင်မြင်မှုရရှိနေသဖြင့် ခေတ္တရပ်ဆိုင်းရန် သဘောတူညီလိုက်ခြင်းက ၎င်း(ရုရှား)တို့အတွက် အားနည်းချက်ဖြစ်သွားနိုင်ကြောင်း လူကာရှန်ကိုက ခန့်မှန်းသုံးသပ်ထားပါသည်။ 

ရုရှားသည် ၎င်းတို့ရရှိထားသော အားသာချက်များကို ကိုင်ထားပြီး သင့်တင့်လျှောက်ပတ်သည့် အချိန်တွင် မှန်မှန်ကန်ကန် အသုံးချမည့် အချိန်ကျမှသာ သဘောတူညီချက်တစ်ရပ် ရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်မံ သုံးသပ်ထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃