ပူတင်ကြေညာချက်မှာ အင်မတန် ကောင်းမွန်သည့် အလားအလာ ရှိကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က ယူကရိန်းစစ်ဖြေရှင်းနိုင်ရေးနှင့်ပတ်သက်၍ မတ်လ ၁၃ ရက် (ကြာသပတေးနေ့)တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်သည် “အင်မတန် ကတိကဝတ် ကောင်းမွန်သော အလားအလာ ရှိသည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါသည်။
ပူတင်၏ ကြေညာချက်သည် အလွန်ကောင်းမွန်ပြီး အလားအလာရှိသော်လည်း ပြီးပြည့်စုံပြီဟု ပြောမရသေးပါကြောင်း” ဒေါ်နယ်ထရမ့်က NATO အကြီးအကဲ Mark Rutte နှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ်အတွင်း ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။
ကိုးကား- TASS
Photo: Mint
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category